ကျောက်ဆည် ဇွန် ၄
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ တက်ရောက်ပညာသင်ယူနေကြသည့် ကျောင်းသား၊ကျောင်းသူများ ကျောင်းနေ ပျော်၌ပညာတော်ပြီး ကျန်းမာသန်စွမ်စေရန်အတွက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အခြေခံ ပညာကျောင်းများသို့ ကွင်းဆင်း၍ Abateဆေးခပ်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ်ပြုလုပ်ခြင်းနှင့် ကျောင်းမုန့်စျေးဆိုင်များစစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ ကျန်းမာရေးလုပ်ငန်းများဆောင်ရွက်ရာ၌ လုပ်ငန်းများ ထိရောက်အောင်မြင်ရေး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာမင်းထက်စိုး စီမံမှုဖြင့် ကျောင်းကျန်းမာရေးအဖွဲ့မှ ကျန်းမာရေးဝန်ထမ်းများ၊ MCH မှသားဖွားဆရာမများ၊ ငှက်ဖျားအဖွဲ့မှ တာဝန်ရှိသူများက အဖွဲ့ ၂ ဖွဲ့ခွဲကာ အ.ထ.က(၂)၊ အ.ထ.က(၃)၊ (မြို့မ) အ.ထ.က ကျောင်းများနှင့် အမှတ်(၂)၊ အမှတ်(၃)၊ အမှတ်(၄)၊ အမှတ်(၅)၊ အမှတ် (၆)၊ အမှတ်(၇) အမှတ်(၉)၊ အမှတ်(၁၂)၊ အမှတ်(၁၃)၊ အမှတ်(၁၄)၊ အမှတ်(၁၇) အခြေခံပညာမူလတန်းကျောင်းများသို့ ကွင်းဆင်း၍ Abateဆေးခပ်ခြင်း၊ ဖုံး၊သွန်၊လဲ၊စစ် ပြုလုပ်ခြင်းနှင့် ကျောင်းမုန့်စျေးဆိုင်များစစ်ဆေးခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)