အားကစားရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညီညီသည် မန္တလေးမြို့ပေါ်ရှိ ဝန်ထမ်းများနှင့် တွေ့ဆုံပွဲကျင်းပ

ချမ်းမြသာစည် ဇွန် ၅

အားကစားရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညီညီသည် အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းဦးလိုက်ပါ၍ အားကစားနှင့်ကာယပညာသိပ္ပံ(မန္တလေး) ကျောင်းအုပ်ကြီး ဦးမြင့်ခိုင်၊ တိုင်းဒေသကြီးအားကစားမှူး ဦးနိုင်လင်းအောင်၊ သင်ကြားရေး ဆရာ/ဆရာမများ၊ နည်းပြအားကစားမှူးများနှင့် အရာထမ်း/အမှုထမ်းဝန်ထမ်းများတွေ့ဆုံပွဲကို ယမန်နေ့မွန်းတည့် ၁၁ နာရီက မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်ရှိ မန္တလာသီရိအားကစားကွင်း ဘောလီဘောရုံတွင် ကျင်းပသည်။

ဦးစွာ တွေဆုံပွဲတွင် ဒုတိယဝန်ကြီးဦးညီညီက အနာဂတ်အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်သမ္မတကြီး၏ လမ်းညွှန်ချက်များကို ဆင့်ပွားရှင်းလင်းပြောကြားပြီး ရပ်ကွက်/မြို့နယ်အလိုက် သက်ဆိုင်ရာတာဝန်ရှိသူများနှင့်ပေါင်းစပ်၍ အခြေခံအားကစားပြိုင်ပွဲများ ပြုလုပ်သွားရန်၊ အဆိုပါအခြေခံအားကစားပြိုင်ပွဲများမှ ရပ်ကွက်မှမြို့နယ်၊ မြို့နယ်မှ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်အထိပါရှိသော ထူးချွန်ထက်မြက်သည့် အားကစားသမားလူသစ်များ စုဆောင်းသွားရန်နှင့် ရေတို၊ရေရှည်ကိစ္စရပ်များ ဆောင်ရွက်ရန် မှားကြားခဲ့သည်။

ထို့နောက် အားကာစားနှင့်ကာယပညာသိပ္ပံ(မန္တလေး) ကျောင်းအုပ်ကြီး ဦးမြင့်ခိုင်က အရာထမ်း၊ အမှုထမ်းဝန်ထမ်းများနှင့် တစ်ဦးချင်းမိတ်ဆက်ပေးခဲ့ပြီး အားကစားပြိုင်ပွဲလျာထားချက်များနှင့် မတ်လ ၂၈ ရက်နေ့တွင် လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် ပျက်စီးခဲ့သည့် ကျောင်းနံရံများ၊ မျက်နှာကျက်များ ပြင်ဆင်ထားရှိမှုအခြေအနေများအား ရှင်းလင်းတင်ပြခဲ့သည်။ဆက်လက်၍ တိုင်းဒေသကြီးအားကစားမှူး ဦးနိုင်လင်းအောင်က မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်မြို့နယ် အလိုက် ဘောလုံးကွင်းခြံစည်းရိုးခတ်ထားမှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပြီး အရာထမ်း၊ အမှုထမ်းဝန်ထမ်းများက လိုအပ်ချက်များတင်ပြကြရာ ဒုတိယဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အလင်းသစ် (ချမ်း/စည် ပြန်/ဆက်)