ချမ်းမြသာစည် ဇွန် ၅
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ်၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် အားကစားနှင့် ပညာရေးပေါင်းစပ်သင်တန်းဖွင့်ပွဲ အခမ်းအနားကို ဇွန်လ ၄ ရက်နေ့နံနက်ပိုင်းက မန္တလာသီရိ အားကစားကွင်း ဘောလီဘောရုံတွင် ကျင်းပရာ အခမ်းအနားသို့ အားကစားရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညီညီ၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေလင်းစိုး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး တရားလွှတ်တော်တရားသူ ကြီးချုပ် ဒေါ်လှမြင့်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းဦး၊ တိုင်းဒေသကြီးအတွင်းရေးမှူး ဦးကျော်စွာထွန်းနှင့် သင်တန်းသား၊ ကျောင်းသူများနည်းပြများ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။
ဦးစွာ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ တက်ရောက်ကြမည့် သင်တန်းသား ဦးရေစာရင်း ဖတ်ကြားပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်က အဖွင့်အမှာစကားပြောကြားခဲ့သည်။
ထို့နောက် အားကစားရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးညီညီက သင်တန်းသား၊ ကျောင်းသူများအား အမှာစကားပြောကြားခဲ့ပြီး စီးပွားရေးလုပ်ငန်းရှင် အလှူရှင်များက အားကစားပစ္စည်း စုစုပေါင်းတန်ဖိုးရှိ ၅၂သိန်းနှင့် အလှူငွေ စုစုပေါင်း ၅၆၅ သိန်း လှူဒါန်းရာ ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လက်ခံပေးခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့သည်။
ဆက်လက်၍ အားကစားနှင့်ကာယပညာသိပ္ပံ(မန္တလေး) ကျောင်းအုပ်ကြီး ဦးမြင့်ခိုင်က ကျေးဇူးတင်စကားပြောကြားခဲ့ပြီး သင်တန်းသား၊ ကျောင်းသူများအား အားကစားနည်း ၁၃ နည်း သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။
အလင်းသစ်(ချမ်း/စည် ပြန်/ဆက်)