ဘားအံ ဇွန် ၅
ပြည်ထောင်စုစာရင်းစစ်ချုပ်နှင့် တိုင်းဒေသကြီး/ပြည်နယ်စာရင်းစစ်ချုပ်များ၏ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ အမှတ်စဉ် (၁/၂၀၂၆) ထပ်ဆင့်ရှင်းလင်းပွဲအခမ်းအနားကို ဇွန်လ ၄ ရက်နေ့ နံနက်ပိုင်းက ကရင်ပြည်နယ် ဘားအံမြို့ ပြည်နယ်စာရင်းစစ်ချုပ်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
အဆိုပါလုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲတွင် ကရင်ပြည်နယ်စာရင်းစစ်ချုပ် ဦးအောင်စိုးက အဖွင့်အမှာစကားပြောကြားခြင်းနှင့် ပြည်ထောင်စုစာရင်းစစ်ချုပ်၏ လမ်းညွှန်မှာကြားချက်များကို ထပ်ဆင့်ရှင်းလင်းဆွေးနွေးပြီး ပြည်နယ်စာရင်းစစ်ချုပ်ရုံးမှ ညွှန်ကြားရေးမှူး ဒေါ်သန္တာမော်က စစ်ဆေးရေးလုပ်ငန်းများနှင့်စပ်လျဉ်း၍ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ လမ်းညွှန်ချက်အရ စစ်ဆေးရေးလုပ်ငန်းများ စီမံရေးရာ၊ ဝန်ထမ်းရေးရာနှင့်ဝန်ထမ်းများသက်သာချောင်ချိရေးဆိုင်ရာ ကိစ္စရပ်များကို ထပ်ဆင့်ရှင်းလင်းဆွေးနွေးပြောကြားသည်။
ထို့နောက် ကရင်ပြည်နယ်အတွင်းရှိ ခရိုင်/မြို့နယ်စာရင်းစစ်ရုံးများမှ တာဝန်ရှိသူများက မိမိတို့၏ခရိုင်/မြို့နယ်များအလိုက် ရုံးလုပ်ငန်းများဆောင်ရွက်နေမှုအခြေအနေများနှင့်စပ်လျဉ်း၍ ဆွေးနွေးတင်ပြကြပြီး ပြည်နယ်စာရင်းစစ်ချုပ်နှင့် ညွှန်ကြားရေးမှူးတို့က လိုအပ်သည်များ
ကို ပြန်လည်ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ ပြည်နယ်စာရင်းစစ်ချုပ်နှင့် ညွှန်ကြားရေးမှူးတို့က လုပ်ငန်းခွင်စွမ်းဆောင်ရည်အကောင်းဆုံးဆု၊ သင်တန်းထူးချွန်ဆုနှင့် စာမူရှင်ဆု ရရှိကြသည့် ဝန်ထမ်းများအား ဆုများအသီးသီးပေးအပ်ချီးမြှင့်ခြင်းနှင့် ဝန်ထမ်းများအား ထောက်ပံ့ငွေများနှင့် ဝန်ထမ်းသား/သမီးများအတွက် ပညာသင်စရိတ်များကို ထောက်ပံ့ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ပြည်နယ် (ပြန်/ဆက်)