နတ်မောက် ဇွန် ၅
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်၌ စာအုပ်စာစောင်ချစ်မြတ်နိုးသူ၊ စာပေဝါသနာရှင် Book Club အဖွဲ့ဝင်များနှင့်ပူးပေါင်း၍ စာရေးဆရာဒေါက်တာ ခင်မောင်ညိုရေးသားသည့် “လူငယ်နှင့်အကောင်းဆုံးသောဘဝကိုတည်ဆောက်ခြင်း” စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခြင်းကို ယနေ့နံနက် ၉ နာရီခွဲက နတ်မောက်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ စာဖတ်ဝိုင်းတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒေါ်ဥမ္မာခင်က စာအုပ်တစ်အုပ်ရဲ့အပေါ်မှာ တစ်ဦးနှင့်တစ်ဦးမတူညီတဲ့အတွေးအမြင်သစ်တွေ၊ စာအုပ်မှရရှိသောအသိပညာဗဟုသုတတွေကို တစ်ဦးနှင့်တစ်ဦးမျှဝေနိုင်ရန်နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ စာကြည့်တိုက်နှင့်ရင်းနှီးကျွမ်းဝင်မှုပိုမိုရရှိကာ စာအုပ်စာပေကောင်းများ လေ့လာရှာမှီးတတ်စေရန်ရည်ရွယ်၍ စာပေဝါသနာရှင် Book Club အဖွဲ့ဝင်များဖြင့် ပူးပေါင်းကာ စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ စာပေဝါသနာရှင် Book Club အဖွဲ့ဝင်တစ်ဦးက စာရေးဆရာ ဒေါက်တာခင်မောင်ညိုရေး သားသည့် “လူငယ်နှင့် အကောင်းဆုံးသော ဘဝကိုတည်ဆောက်ခြင်း” စာအုပ်ထဲမှ ပညာရေးအစ စာအုပ်များဖြင့် အစပြုပါ ခေါင်းစဥ်ဖြင့် ဖတ်ကြား၍ ရှင်းလင်းဆွေးနွေးခဲ့ရာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဥမ္မာခင်က ပြန်လည်ဖြည့်စွက်ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။ အဆိုပါ စာဖတ်ဝိုင်းဆွေးနွေးပွဲသို့ မြို့နယ်ပြန်ကြားရေးနှင့်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိနှင့်ဝန်ထမ်းများ၊ စာပေဝါသနာရှင် Book Club အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
လှဝင်း