ပျော်ဘွယ်မြို့နယ်၌ အရည်အသွေးပြည့်မီသော စားသောက်ကုန်များနှင့်ဆေးဝါးများရောင်းချရေး ကွင်းဆင်းစစ်ဆေး

ပျော်ဘွယ် ဇွန် ၅

မန္တလေးတိုင်းဒေသကြီး အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနခွဲ(မန္တလေး)မှ ဦးဆောင်၍ ပျော်ဘွယ်မြို့နယ် အတွင်းရောင်းချလျက်ရှိသော စားသောက်ကုန်အရောင်းဆိုင်များ၊ ဆေးဝါးအရောင်းဆိုင်များ၌ စံချိန်စံညွှန်း ပြည့်မီသောပစ္စည်းများရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ဇွန်လ ၄ ရက် နံနက်ပိုင်းက မြို့နယ်အတွင်းရှိ သောက်ရေသန့်စက်ရုံများ၊ ဆေးဝါးနှင့်စားသောက်ကုန်အရောင်းဆိုင်များသို့ သွားရောက်ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

ထိုကဲ့သို့ကွင်းဆင်းစစ်ဆေးရာတွင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဌာနခွဲ(မန္တလေး)မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဖြိုးမာန်သက်ဦး၊ မြို့နယ်အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီဥက္ကဋ္ဌ ဒေါက်တာလဲ့လဲ့အောင်နှင့် သက်ဆိုင်ရာဌာနများမှကော်မတီဝင်များသည် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ သတ်မှတ်ခွင့်ပြုထားသည့် ပစ္စည်းများရောင်းချရေး၊ ဘေးအန္တရာယ်ကင်းရှင်းရေး၊ အရည်အသွေးပြည့်မီရေးတို့ကို စစ်ဆေးခဲ့ကြကြောင်း သိရသည်။

မင်းမင်းထွေး(ပျော်ဘွယ်)