မြစ်သားမြို့နယ်ရှိ ကျေးရွာများ၌ တစ်အိမ်တက်ဆင်း မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်

မြစ်သား ဇွန် ၅

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်အတွင်းရှိ  ကူဖြူကျေးရွာ၊ နီပါးကုန်းကျေးရွာနှင့် လက်ပံဆိပ်ကျေးရွာများသို့ မီးဘေးလုံခြုံရေး တစ်အိမ်တက်ဆင်း အရှိန်အဟုန်မြှင့်ကွင်းဆင်းစစ်ဆေးခြင်းများကို ဇွန် ရက် နံနက်ပိုင်းက မြို့နယ်မီးသတ်ဦးစီးဌာနက စစ်ဆေး‌ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ  မီးသတ်ဦးစီးမှူး ဦးအောင်မင်းကျော် ဦးဆောင်၍ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် မြစ်သားမြို့နယ်အတွင်းရှိ ကူဖြူကျေးရွာ၊ နီပါး ကုန်းကျေးရွာနှင့်လက်ပံဆိပ်ကျေးရွာများရှိ နေအိမ်များတွင် မီးသတ်ဆေးဘူးထားရှိမှုများ၊ မီးချိတ်၊ မီးကတ်၊ ရေပုံးနှင့်သဲများ၊ မီးဖိုမီးအသုံးပြုမှုများအား တစ်အိမ်တက်ဆင်းလိုက်လံစစ်ဆေးပြီး ကျေးရွာအတွင်း လျှပ်စစ်မီးသွယ်တန်းအသုံးပြုမှုများ၊ မီးသတ်ယာဉ်ဝင်ထွက်လမ်းများအားကြည့်ရှုစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့‌ကြောင်း မြို့နယ် မီးသတ်ဦးစီးဌန တာဝန်ရှိသူ တစ်ဦးထံမှသိရသည်။

ဝါဝါမြင့်(မြစ်သား)