ပုလောမြို့နယ် ပလမြို့ အမှတ် (၃) ရပ်ကွက် သဘာ၀ဘေးသင့်နေအိမ်တစ်လုံးအား ငွေနှင့်အိမ်ဆောက်ပစ္စည်းများ ထောက်ပံ့ပေးအပ်

ပုလော  သြဂုတ်လ   ၆

ပုလောမြို့နယ်၊ ပလမြို့ အမှတ် (၃) ရပ်ကွက်တွင် သြဂုတ်လ ၄ ရက်နေ့က ဖြစ်ပွားခဲ့သည့် မိုးသည်းထန်စွာရွာသွန်း၍ လေပြင်းတိုက်ခတ်မှုကြောင့် သဘာ၀ဘေးသင့်ခဲ့သော အိမ်ထောင်စုတစ်စုကို ယမန်နေ့ နေ့လယ် ၂ နာရီခွဲက လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ပုလောမြို့နယ် ဘေးအန္တရာယ်စီမံခန့်ခွဲမှု ဦးစီးဌာနမှ ထောက်ပံ့ ကူညီမှုလုပ်ငန်းကို သွားရောက်ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ထောက်ပံ့ကူညီမှုတွင် ပျက်စီးဆုံးရှုံးခဲ့သည့်နေအိမ်တစ်ဆောင်အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁) သိန်းကျပ်၊ မိသားစု၀င် (၇) ဦးအတွက် ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ (၁၄၇၀၀) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုးပါ ပုံးတစ်လုံးကို ပုလောမြို့နယ်၊ ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာန မြို့နယ်တာ၀န်ခံ ဒေါ်မျိုးမမပန်က ထောက်ပံ့ပေးခဲ့ခြင်းဖြစ်ကြောင်း သိရှိရ ပါသည်။

အေးအေးမော် (ပုလော ပြန်/ဆက်)