ကျုံပျော်မြို့နယ်၌ အခြေခံပညာ‌ကျောင်းများ စတင်ဖွင့်လှစ်

ကျုံပျော် ဇွန် ၁

နိုင်ငံတော်က ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ကြားနိုင်ရေးအတွက် အခြေခံပညာကျောင်းများကို ယနေ့ဇွန်လ ၁ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ရာ ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း(၂၅၇)ကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ စတင်ပညာသင်ကြားလျှက်ရှိကြောင်း သိရသည်။

"နိုင်ငံတော်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ဖို့ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံကြပါစို့" ဟူသော ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၏ ကျောင်းအပ်နှံရေး သီတင်းပတ် ဆောင်ပုဒ်နှင့်အညီ ကျောင်းအပ်နှံရေးလုပ်ငန်းများကို မေလ ၂၅ ရက်နေ့မှ မေလ ၃၁ ရက်နေ့အထိ သတ်မှတ်လက်ခံခဲ့ပြီး၊ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းမအပ်ရသေးသည့် ကျောင်းသား၊ ကျောင်းသူများကိုလည်း ဆက်လက်၍ ကျောင်းအပ်လက်ခံကာ ပညာသင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကျုံပျော်မြို့နယ်တွင် အထက်တန်းကျောင်း(၁၈)ကျောင်း၊ အထက်တန်းကျောင်း(ခွဲ)(၇)ကျောင်း၊ အလယ်တန်းကျောင်း (၂၁)ကျောင်း၊ မူလတန်းလွန်ကျောင်း (၁၄)ကျောင်း၊ မူလတန်းကျောင်း (၁၈၅)ကျောင်းနှင့် မူလတန်းကျောင်း(ခွဲ)(၇)ကျောင်း၊ စသည့် ‌အခြေခံပညာကျောင်း (၂၅၂)ကျောင်းနှင့် ကိုယ်ပိုင် အထက်တန်းကျောင်း (၂)ကျောင်း၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း (၃)ကျောင်း၊ စုစုပေါင်း (၂၅၇)ကျောင်းတို့တွင် ပညာ‌သင်ကြား ရေးလုပ်ငန်းများကို ယနေ့မှစတင် ဆောင်ရွက် ပေး‌နေပြီဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)