အင်္ဂပူမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းသား/သူ(၃၀၆၃၂)ဦး ပညာသင်ကြားလျက်ရှိ

အင်္ဂပူ ဇွန် ၁

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများအားလုံး ဇွန်လ(၁)ရက်နေ့ နံနက်ပိုင်းမှ စတင်ဖွင့်လှစ်သင်ကြားလျက်ရှိရာ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းသား /သူ(၃၀၆၃၂)ဦး အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားလျက်ရှိကြောင်းသိရသည်။

ကျောင်းသား၊ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ တက်ရောက်ပညာသင်ကြားနေမှုကို မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့် အုပ်ချုပ်ရေး‌ကော်မတီဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့် မြို့နယ်ပညာ‌‌ရေးမှူး ဒေါ်အေးအေးမင်းနှင့် တာဝန်ရှိသူများက သက်ဆိုင်ရာကျောင်းအုပ်ကြီးများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများအား လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

အင်္ဂပူမြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း (၁၄)ကျောင်း၊ အ-ထ-က(ခွဲ)(၁၉) ကျောင်း၊ အ-လ-က(၁၀)ကျောင်း၊ အ-လ-က(ခွဲ)(၁၆)ကျောင်း၊ မူလွန်(၁၀)ကျောင်း၊ ဘုန်း‌တော်ကြီးသင်ကျောင်း (၄)ကျောင်း၊ ကိုယ်ပိုင်ကျောင်း (၁)ကျောင်း၊ မူလတန်းကျောင်း(၂၀၅)ကျောင်း၊ စုစုပေါင်း(၂၇၉)ကျောင်းတို့တွင် ကျောင်းသား/ သူပေါင်း(၃၀၆၃၂)ဦး တက်ရောက် ခဲ့ကြောင်းနှင့်ကျောင်းသား၊‌ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ တက်ရောက် ပညာသင်ကြားလျက်ရှိ ကြောင်းသိရသည်။

မန်းကျော် (ပြန်/ဆက်)