ကြံခင်းမြို့နယ်တွင် သီးသန့်မီးသတ်တပ်ဖွဲ့ဝင်များအား အကြိုအခြေခံမီးသတ်ပညာသင်တန်း (၂/၂၀၂၆)ဖွင့်ပွဲကျင်းပ

ကြံခင်း ဇွန် ၂

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်မီးသတ်ဦးစီးဌာနတွင် ယမန်နေ့က သီးသန့်မီးသတ်တပ်ဖွဲ့ဝင်များအား အကြိုအခြေခံမီးသတ်ပညာသင်တန်း(၂/၂၀၂၆)ဖွင့်ပွဲအခမ်းအနား ကို အဆိုပါဦးစီးဌာန၊ အစည်းဝေးခန်းမတွင်ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဦးဇော်မင်းက သီးသန့်မီးသတ်တပ်ဖွဲ့ဝင်များ၏ အကြိုအခြေခံမီးသတ်ပညာသင်တန်းဖွင့်လှစ်ခြင်းဖြင့် သဘာဝဘေးအန္တရာယ် ဖြစ်ပေါ်လာပါက ပြည်သူ့များ၏အသက်အိုးအိမ်ကို ကာကွယ်စောင့်ရှောက်ပေးသော ပြည်သူ့အကျိုး ပြုလုပ်ငန်းဖြစ်သဖြင့် သင်ကြားလေ့ကျင့်ပေးသည့် ဘာသာရပ်များ အပေါ်စိတ်ဝင်စားစွာ သင်ယူကြစေလိုကြောင်း၊ သို့မှာသာ မိမိသက်ဆိုင်ရာဌာန လုပ်ငန်းများတွင် ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိရှိ ဆောင်ရွက်ပေးနိုင်မှာဖြစ်ပါကြောင်း ပြောကြားပြီးနောက်၊ မြို့နယ်မီးသတ်ဦးစီးအရာရှိဦးကိုကိုနိုင်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်၊ ရည်မှန်းချက်များအား ရှင်းလင်းပြောကြားပါသည်။

ယင်းနောက် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်လာကြသော မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များနှင့် မြို့နယ်ဌာနဆိုင်ရာမှတာဝန်ရှိသူများက သင်တန်းသားများအား သင်ထောက်ကူပစ္စည်းများ ပေးအပ်ပြီးနောက် သင်တန်းပို့ချနေခြင်းကို ကြည့်ရှုအားပေးကြသည်။ အဆိုပါသင်တန်းတွင် မြို့မဈေးနှင့် ဘိလပ်မြေစက်ရုံဝန်ထမ်း သင်တန်းသား(၃၉)ဦး တက်ရောက်ကြပြီး၊ သင်တန်းကာလမှာဇွန်လ(၁)ရက်နေ့မှ (၅)ရက်နေ့ထိ စာတွေ့၊ လက်တွေ့စနစ်တကျဖွင့်လှစ် သင်ကြားပေးသွားမှာဖြစ်ကြောင်းနှင့် အခြေခံစစ်ရေးပြဘာသာရပ်၊ သင်ထောက်ကူပစ္စည်းများနှင့် ပေါင်းစပ်ကာ စွမ်းရည်ပြည့်ဝစေရန်၊ စက်ပစ္စည်းကိုင်တွယ်အသုံးချမှု နည်းပညာဘာသာရပ်များကို သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မိုးမိုး(ပြန်/ဆက်)