မော်လမြိုင်ကျွန်း ဇွန် ၂
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံမှုမကျန်ရှိစေရေးနှင့် ကျောင်းသား၊ ကျောင်းသူများ၏ သင်ကြားသင်ယူမှုလုပ်ငန်းများ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ဦးနှင့်အတွင်းရေးမှူး ရဲမှူးမိုးစိန်တို့က ယနေ့နံနက်ပိုင်းတွင် မော်လမြိုင်ကျွန်းမြို့ အခြေခံပညာအထက်တန်းကျောင်းအမှတ် (၁)နှင့် အမှတ်(၂)တို့တွင် ဆရာ/ဆရာမများနှင့်သွားရောက် တွေဆုံဆွေးနွေးခဲ့သည်။
ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌက ကျောင်းအုပ်ကြီးများ၊ ဆရာ/ဆရာမများနှင့် တွေ့ဆုံ၍ ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းအပ်နှံတက်ရောက်နိုင်ရေး၊ ကျောင်းအပ်နှံမှုမကျန်ရှိစေရေး၊ ကျောင်းပျက်ကွက်မှုနှင့် ကျောင်းထွက်မှုများ လျော့နည်းပပျောက်စေရေးတို့အတွက် ပူးပေါင်းဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားခဲ့သည်။
ထို့နောက် အခြေခံပညာအထက်တန်းကျောင်း အမှတ်(၁)နှင့် အမှတ်(၂)ရှိ စာသင်ခန်းများအတွင်း ကျောင်းသား၊ ကျောင်းသူများ စာသင်ကြားသင်ယူနေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ပြီး ကျောင်းများ၏ လိုအပ်ချက်များကို မေးမြန်းကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ရဲကိုမောင် (ပြန်/ဆက်)