အလုံမြိုနယ်၌ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၁) မှ တာ၀န်ထမ်းဆောင်ပြီးမြောက်သူများအား ဂုဏ်ပြုချီးမြှင့်သည့် အခမ်းအနားကျင်းပ

အလုံ ဇွန်‌ ၅

ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ အလုံမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးအစည်းအဝေးခန်းမ၌ မြို့နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့မှ မြို့နယ်အတွင်းသို့ ပြည်သူ့စစ်မှုထမ်းဥပဒေအရ တာ၀န်ထမ်းဆောင်ချိန်ကာလပြီးဆုံး၍ ပြန်လည်ရောက်ရှိလာသည့် ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁) မှ နိုင်ငံ့သားကောင်းများအား ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားကျင်းပခဲ့သည်။

အခမ်းအနား၌ မြို့နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲကိုကိုမှ ဂုဏ်ပြု အဖွင့်အမှာစကားပြောကြားခဲ့ပြီး အဖွဲ့၀င် ရဲမှူး၀င်းမြင့်၊ အတွင်းရေးမှူး ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စွာထွန်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့၀င် ဦးအောင်စိုးတို့မှ ဂုဏ်ပြုစကားပြောကြားခြင်း၊ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၁)တာ၀န်ထမ်းဆောင်ချိန်ပြီးဆုံး၍ ပြန်လည်ရောက်ရှိလာသူများအား ဂုဏ်ပြုလက်ဆောင်နှင့် ဂုဏ်ပြုမှတ်တမ်းများ ပေးအပ်ချီးမြှင့်ခဲ့ခြင်း၊ ပြည်သူ့စစ်မှုထမ်းတာ၀န်အောင်မြင်စွာ ထမ်းဆောင်ခဲ့သူများမှ ၎င်းတို့၏ အတွေ့အကြုံများအား ရှင်းလင်းမျှဝေကာ ကျေးဇူးတင်စကားပြောကြားခဲ့သည်။

အဆိုပါ အခမ်းအနားသို့ မြို့နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲကိုကိုနှင့် အဖွဲ့၀င်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ပြည်သူ့စစ်မှုထမ်းတာ၀န်ပြီးဆုံး၍ ပြန်လည်ရောက်ရှိလာသူများ စုစုပေါင်း (၃၀) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)