ဒဂုံမြောက် ဇွန် ၅
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်တွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ ဝန်ထမ်းများမှ လမင်းစီမံချက်ဖြင့် နိုင်ငံသားတိုင်း နိုင်ငံသားစိစစ်ရေးကတ်ရရှိစေရန်အတွက် ဇွန် ၃ ရက်နေ့ နံနက်ပိုင်းက အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ၊ မြို့နယ်ဦးစီးမှူး ဦးမင်းညီညီထွန်း၏ ကြီးကြပ်မှုဖြင့် ဝန်ထမ်းများမှ အသက် (၁၀) နှစ်နှင့် (၁၈) ကြား၊ အသက် (၁၈) နှစ်အထက် နိုင်ငံသားစိစစ်ရေးကတ်မရှိသူများကို နိုင်ငံသားစိစစ်ရေးကတ်ရရှိစေရန် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသန်းဝင်း၊ မြို့နယ်ရဲမှူးဇော်ဝင်း၊ မြို့နယ်စီမံကိန်းဦးစီးမှူး ဦးဝင်းမော်ဦးတို့မှ လိုက်လံကြည့်ရှုအားပေးပြီး လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူမျာအား နိုင်ငံသားစိစစ်ရေးကတ်များရရှိစေရန် လမင်းစီမံချက်ဖြင့် အခြေခံပညာကျောင်းများတွင် ဆက်လက်၍ ကွင်းဆင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြင့်မြင့်ရီ (ပြန်/ဆက်)