ကြို့ပင်ကောက်မြို့နယ်တွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ

ကြို့ပင်ကောက် ဇွန် ၅

ပဲခူးတိုင်းဒေသကြီး ကြို့ပင်ကောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများသည် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက အ.ထ.က ပန်းတင်နှင့် လူစည်ကားရာ မြို့မစည်ပင်သာယာဈေးကြီးတို့တွင် ဆောင်ရွက်ခဲ့ကြသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဖြန့်ဝေသော ကလေအလုပ်သမားပပျောက်ရေး အသိပညာပေးလက်ကမ်းစာစောင်တွင် ကလေးများလုပ်သောအလုပ်နှင့် ကလေးသူငယ်အခွင့်အရေး၊ လုပ်ငန်းရှင်များအတွက် ကလေးသူငယ်အခွင့်အရေးဆိုင်ရာမူများ၊ ကလေးများအတွက်အန္တရာယ်ရှိပြီး ခေါင်းပုံဖြတ်အမြတ်ထုတ်ခံရမည့်အလုပ်များ၊ လုပ်ငန်းပိုင်ရှင်များအနဖြင့် ကလေးများကို မည်သို့ကာကွယ်စောင့်ရှာက်ပေးနိုင်သနည်း၊ အန္တရာယ်ရှိသည့်အလုပ်မျိုးနှင့် ခေါင်းပုံဖြတ်အမြတ်ထုတ်မှုခံရသည့်အလုပ်တို့ လုပ်ကိုင်နေသည့် ကလေးများ၏ဖွံ့ဖြိုးမှု စသည့်အသိပညာပေးများစွာ ပါဝင်ကြောင်း သိရသည်။

အဆိုပါ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများက လူစည်ကားရာနေရာများဖြစ်သည့် အခြေခံပညာကျောင်းများနှင့် ဈေးများတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဇေယျာထွန်း(ကြို့ပင်ကောက်)