နတ်တလင်းမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများ ဆောင်ရွက်

နတ်တလင်း ဇွန် ၅

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက မြို့နယ်အတွင်း ပြည်သူလူထုအခြေပြု သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နှင်းရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက မြို့မရပ်ကွက်တွင် ဆောင်ရွက်ခဲ့သည်။

မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ‌ အေးအေးသန့်၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မိခင်ကလေး ကျောင်းကျန်းမာအာဟာရဦးစီးအရာရှိ ဒေါက်တာခိုင်သဉ္ဇာနှင့် ကျန်းမာရေးဝန်ထမ်းများက အိမ်ခြေ (၄၀) အား သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေး လုပ်ငန်းများဖြစ်သော ဖုံး၊ သွန်၊ လဲ၊ စစ် ပြုလုပ်ခြင်း၊ ရေစည်ပေါင်း (၈၀) ခန့်အား အဘိတ်ဆေးခတ်ခြင်း၊ ပတ်ဝန်းကျင်သန့်ရှင်းရေးလုပ်ငန်းများကို ဆောင်ရွက်ခြင်းနှင့် ကျန်းမာရေး အသိပညာပေးပြောကြားခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြပြီး မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့၊ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများက လိုက်ပါကူညီဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဝေယံဖြိုး(ပြန်/ဆက်)