ဇီးကုန်း ဇွန် ၆
သစ်ပင်စိုက်ပျိုးခြင်းဖြင့် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေး၊ ရာသီဥတုကောင်းမွန်မျှတရေး၊ အရိပ်အာဝါသနှင့်မျက်စိပသာဒရှိစေရေး၊ သစ်တောသစ်ပင်တန်ဖိုးများကို အများပြည်သူအလေးထားသိရှိနိုင်ရန်ရည်ရွယ်၍ ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်တွင် ၂၀၂၆ ခုနှစ် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ဇွန်လ ၆ ရက်နေ့ က ဇီးကုန်း-တာပွန်လမ်းဘေးဝဲယာ၌ သစ်တောဦးစီးဌာနမှ စီစဉ်ကျင်းပခဲ့သည်။
ရှေးဦးစွာ ဇီးကုန်းမြို့နယ် သစ်တောဦးစီးဌာနမှ တာဝန်ရှိသူများထံ စိုက်ပျိုးမည့်အပင်များ ပေးအပ်ခဲ့သည်။ ထိုနောက် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးသက်အောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများ၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်အသင်းနှင့် ကျေးလက်ပြည်သူများက ကျွန်းပင်(၃၀၀)၊ ခရေ(၅၀)ပင်ကို စိုက်ပျိုးခဲ့ကြပြီး၊ စုပေါင်းဓာတ်ပုံ ရိုက်ကူးခဲ့ကြောင်း သိရသည်။
မြို့နယ်ပြန်ဆက်