ခရမ်းမြို့နယ်တွင် တောင်သူနည်းပညာပေးဆွေးနွေးပွဲ ပြုလုပ်

ခရမ်း ဇွန် ၆

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်တွင် စိုက်ပျိုးရေးဦးစီးဌာနက တောင်သူနည်းပညာပေးဆွေးနွေးပွဲကို ယမန်နေ့ နေ့လယ် (၂)နာရီက ကရင်စုကျေးရွာရှိ တောင်သူများအား  ဆွေးနွေးခဲ့‌ကြောင်း သိရသည်။

ဦးစွာ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဌေးမောင်က မိုးစပါးစိုက်ပျိုးရေးဆိုင်ရာနည်းလမ်းကောင်းများနှင့် စပါးပန်းတိုင်အထွက်နှုန်းရရှိရေးနှင့်ပတ်သက်၍ ပညာပေးဆွေးနွေးခဲ့ပြီး၊ မြို့နယ်မြေအသုံးချရေးတာ၀န်ခံမှ သစ်စိမ်းမြေဩဇာစိုက်ပျိုးခြင်း၏ အကျိုးကျေးဇူးများနှင့် စူပါဘိုကာရှီ မြေဆွေးပုံပြုလုပ်ခြင်းအား လက်တွေ့သရုပ်ပြသခဲ့သည်။

ထို့နောက် မြို့နယ်မျိုးစေ့တာဝန်ခံမှ စပါးမျိုးစေ့ ဆားရေစိမ်နည်းနှင့် ဆားရေစိမ်ခြင်း၏ အကျိုးကျေးဇူးများ၊ ငွေနှင်းမှို၊ ကောက်ရိုးမှိုစိုက်ပျိုးနည်းစနစ်များအား အသိပညာပေး ဆွေးနွေးခဲ့ပြီး၊ မြို့နယ်သီးနှံကာကွယ်ရေးတာဝန်ခံမှ ဖြုတ်ပိုးကာကွယ်နှိမ်နှင်းခြင်းနှင့် IPM နည်းစနစ်များကို တောင်သူများအား အသိပညာပေး‌ ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

ခင်နှင်းဝေ(ခရမ်း ပြန်/ဆက်)