ပန်းတောင်းမြို့နယ်၌ နွေနှမ်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိ

ပန်းတောင်း ဇွန် ၆

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ ငါးဆယ်ပေးအုပ်စု၌ တောင်သူ ဦးဇော်မင်းဦး အပါအဝင် တောင်သူ (၆)ဦးက စိုက်ပျိုးထားသော နွေနှမ်း (မကွေးနှမ်းနက်-၂/၁၄) စိုက်ခင်း (၁၅)ဧကသည် စိုက်ပျိုးပြီး (၄၅)ရက်သား ရောက်ရှိနေပြီး အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်းနှင့် မင်းရပ်ကိုင်းခုံတွင် စိုက်ပျိုးထားသော တောင်သူဦးမျိုးဇော်၏ နွေနှမ်း(မကွေးနှမ်းနက်-၂/၁၄) စိုက်ခင်း (၅)ဧကသည် (၅၅)ရက်သားရှိပြီး အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

အဆိုပါ နွေနှမ်းစိုက်ခင်းများရှိ နှမ်းပင်များသည် သန်စွမ်းကြီးထွားကောင်းမွန်လျက်ရှိပြီး သီးကိုင်းဖြာထွက်မှုကောင်းမွန်ကာ ပိုးမွှားရောဂါကျရောက်မှု မတွေ့ရှိရသေးကြောင်း သိရသည်။ တောင်သူများအနေဖြင့် စိုက်ပျိုးရေးဦးစီးဌာနမှ နည်းပညာပေးလမ်းညွှန်ချက်များနှင့်အညီ စိုက်ပျိုးပြုစုစောင့်ရှောက်လျက်ရှိကြောင်းလည်း သိရသည်။

ပန်းတောင်းမြို့နယ်အတွင်း ဆီထွက်သီးနှံ တိုးချဲ့စိုက်ပျိုးနိုင်ရေးနှင့် ဒေသတွင်းစားသုံးဆီဖူလုံရေးအတွက် နွေနှမ်းစိုက်ပျိုးမှုများကို အားပေးဆောင်ရွက်လျက်ရှိရာ ယခုစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိခြင်းသည် တောင်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုကြောင်း သိရသည်။

လပြည့်လင်း(ပြန်/ဆက်)