အုတ်ဖို ဇွန် ၆
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် အုတ်ဖိုမြို့နယ်တွင် သစ်တောသစ်ပင်များ စိမ်းလန်းစိုပြည်စေရန်၊ ဂေဟစနစ်ပျက်စီးမှုကာကွယ်ထိန်းသိမ်းနိုင်ရန်နှင့် သစ်ပင်စိုက်ပျိုးခြင်းဖြင့် ရရှိလာမည့်အကျိုးကျေးဇူးများကို ရရှိခံစားနိုင်စေရန်ရည်ရွယ်၍ မြန်မာအမျိုးသမီးများနေ့အကြို သစ်ပင်စိုက်ပျိုးပွဲတော်ကို အုတ်ဖိုဘူတာတွင် ယနေ့နံနက် ၇ နာရီက ကျင်းပသည်။
အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်မျိုးက သစ်ပင်စိုက်ပျိုးပွဲတော်သို့ တက်ရောက်လာသော ဌာနဆိုင်ရာများအား ပျိုးပင်များ ပေးအပ်သည်။ အဆိုပါမြန်မာအမျိုးသမီးများနေ့အကြို သစ်ပင်စိုက်ပျိုးပွဲတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်တင်လဲ့လဲ့ဦးနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ သစ်တောဦးစီးဌာမှ ဦးစီးအရာရှိ ဦးငွေစိုးနှင့်ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများ၊ ကျောင်းဆရာဆရာမများ၊ ကျောင်းသားကျောင်းသူများ၊ သက်ဆိုင်ရာရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ဒေသခံပြည်သူများက ပိတောက်(၁)ပင်၊ ပျဉ်းမ(၅)ပင်၊ ငုရွှေဝါ(၁၀)ပင်၊ မယ်ဇယ်(၁၀)ပင်၊ ပေါက်ပန်း(၁၂)ပင်၊ ခရေ(၁၂)ပင် စုစုပေါင်း အပင် (၅၀) ကို စုပေါင်းစိုက်ပျိုးခဲ့ကြသည်။
အောင်သူ(အုတ်ဖို)