သာကေတ ဇွန် ၆
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ်တွင် မြိုနယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အလုပ်ရုံနှင့်အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာနတို့ ပူးပေါင်း၍ ယမန်နေ့နံနက်ပိုင်းက J & M Steel Solutions Co.ltd ၌ အလုပ်ရုံနှင့်အလုပ်သမားဥပဒေဆိုင်ရာနှင့် ကျန်းမာရေး အသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ခိုင်ခိုင်ဝင်းက လုပ်ငန်းခွင်ကျန်းမာရေးနှင့်ပါတ်သက်၍ မှတ်သားလိုက်နာသင့်သည်များကို ဟောပြောဆွေးနွေးပြီး သာကေတမြို့နယ် အလုပ်ရုံနှင့်အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာန ဦးစီးအရာရှိ ဦးကျော်ကိုကိုက အလုပ်ရုံနှင့်အလုပ်သမားဥပဒေဆိုင်ရာ သိကောင်းစရာများ၊ ထိခိုက်မှုအန္တရာယ် ကာကွယ်နည်းများကို ဆွေးနွေးဟောပြောခဲ့ကြောင်း သိရသည်။
အဆိုပါ အလုပ်ရုံနှင့်အလုပ်သမားဥပဒေဆိုင်ရာနှင့် ကျန်းမာရေးအသိပညာပေး ဟောပြောပွဲသို့ J & M Steel Solutions Co.ltd မှ တာဝန်ခံများ၊ အလုပ်သမားများ တက်ရောက်ခဲ့ကြောင်း သိရပြီး ရက် (၁၀၀) စီမံချက်ဖြင့် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။
ကျော်ကျော်(ပြန်/ဆက်)