နတ်မောက် သြဂုတ် ၆
နတ်မောက်မြို့နယ် လေးအိမ်ကျေးရွာ အထက်တန်းကျောင်း(ခွဲ)သို့ ယမန်နေ့ နေ့လယ်(၁၂)နာရီ က မြို့နယ်ရင်ခွင်မဲ့ကလေးငယ်များ လျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်းမှ ကိုဗစ်-၁၉ကာကွယ်ရေးသုံးပစ္စည်းများသွားရောက်လှူဒါန်းပေးခဲ့ကြောင်းသိရသည်။
ထိုသို့လှူဒါန်းရာတွင် မြို့နယ်ရင်ခွင်မဲ့ကလေးငယ်များလျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌ ဒေါက်တာစန်းဆင့်ဝေနှင့် အဖွဲ့ဝင် များက ကိုဗစ်-၁၉ ကာကွယ်ရေးသုံးပစ္စည်းများ ဖြစ်သည့်ပါးစပ်၊ နှာခေါင်းစည်း (၁၃၀)ခု၊ ကျောင်း ကျန်းမာရေးအတွက်ဆေးဖျန်းပုံးနှင့် အမှိုက်ပုံး များ၊ လက်ဆေးရန် ကာပေါ်လစ်ဆပ်ပြာများကို လေးအိမ်ကျေးရွာ အထက် တန်းကျောင်း(ခွဲ)သို့ လှူဒါန်းရာတွင် မြို့နယ်ပညာရေးမှူးနှင့် ကျောင်းတာဝန်ခံဆရာမ များကလက်ခံရယူခဲ့သည်။
ထို့နောက် မြို့နယ်ရင်ခွင်မဲ့ကလေးငယ်များလျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌ ဒေါက်တာ စန်းဆင့်ဝေ က ကိုဗစ်-၁၉ ကာကွယ်ရေး အသိပညာပေးအကြောင်းအရာများကို ကျောင်းသား/သူများအား အတန်းလိုက် ဟောပြော ဆွေးနွေးခဲ့ကြောင်းသိရသည်။
ဥမ္မာခင်(ပြန်/ဆက်)