ကျောက်တန်းမြို့နယ်၌ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် နိုင်ငံသားကိုယ်ရေးအချက်အလက် (UID) ထုတ်ပေး

ကျောက်တန်း ဇွန် ၆

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၌ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် နိုင်ငံသားကိုယ်ရေးအချက်အလက် (UID) ထုတ်ပေးခြင်းကို မြို့မ အခြေခံပညာအလယ်တန်းကျောင်း၌ ယမန်နေ့နံနက်ပိုင်းက  ပြုလုပ်ပေးခဲ့သည်။

အခမ်းအနားတွင် သန်လျင်ခရိုင် လူ၀င်မှုကြီးကြပ်ရေးနှင့်ပြည့်သူအင်အားဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးမိုးသူမှ အဖွင့်အမှာစကား ပြောကြားခဲ့သည်။

ဆက်လက်ပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဘုန်းခန့်အောင်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမျိုးမြင့်၊ ကျောက်တန်းမြို့နယ် လူ၀င်မှုကြီးကြပ်ရေးနှင့်ပြည့်သူအင်အားဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်နိုင်တို့မှ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ခဲ့ရာ မြို့နယ်ပညာရေးဌာနမှ တာ၀န်ရှိသူများမှ လက်ခံခဲ့ကြကြောင်း သတင်းရရှိသည်။

နေလင်းကျော်(ပြန်/ဆက်)