ရေတာရှည်မြို့နယ်တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ပညာဆက်လက်သင်ကြားနိုင်ရေးအတွက် ကျောင်းသားမိဘများနှင့် တွေ့ဆုံပွဲအခမ်း အနားကျင်းပ

ရေတာရှည် ဇွန် ၅

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ပညာဆက်လက်သင်ကြားနိုင်ရေးအတွက် ကျောင်းသားမိဘများနှင့် တွေ့ဆုံပွဲအခမ်းအနားကို ယနေ့နံနက် ၁၁ နာရီက အမှတ်(၄)ရပ်ကွက် မှန်စီကျောင်းဓမ္မာရုံ၌ ကျင်းပပြုလုပ်သည်။

အဆိုပါအခမ်းအနားတွင် တောင်ငူခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပညာရေးမှူးက ကျောင်းနေအရွယ် ကလေးများအားလုံး ပညာသင်ကြားနိုင်ရေး၊ ကျောင်းနေအရွယ်ကလေးများအားလုံး စာတတ်မြောက်ရေး ကျောင်းသားမိဘများအနေဖြင့် ဝိုင်း၀န်းကူညီဆောင်ရွက်ပေးကြရန်နှင့် ပညာရေးနှင့် ပတ်သက်သောအပိုင်းကဏ္ဍများအား ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် မြို့ပေါ်(၆)ရပ်ရှိ မိသားစုစီးပွားရေးအခက်အခဲရှိနေသော ပညာသင်ကြားနေသည့် ကျောင်းသား/သူ(၆)ဦးအား ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌနှင့် မြို့နယ်ပညာရေးမှူးတို့က ပညာသင်စရိတ် ထောက်ပံ့ပေးခဲ့သည်။

အဆိုပါအခမ်းအနားသို့ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသူ/သားများ၊ အုပ်ထိန်းသူမိဘများ စုစုပေါင်းအင်အား (၃၇၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)