မကွေး ဇွန် ၆
ဥပဒေရေးရာဝန်ကြီးဌာန၏ ပြည်သူ့အတွက်ကြိုးပမ်းဆောင်ရွက်မှုလုပ်ငန်းစဉ်တွင် ပါဝင်သည့် ဥပဒေအရာရှိကျင့်ဝတ်ဆိုင်ရာ တွေ့ဆုံမေးမြန်းခြင်း အစီအစဉ်ကို ဇွန် ၅ ရက် မွန်းလွဲပိုင်းက မကွေးတိုင်းဒေသကြီးဥပဒေချုပ်ရုံး၊ ပါမောက္ခဦးလှအောင် ခန်းမ၌ ကျင်းပသည်။
ဦးစွာ မကွေးတိုင်းဒေသကြီးဥပဒေချုပ် ဦးအေးလွင်က နိုင်ငံတော်အစိုးရ၏ မူဝါဒနှင့်အညီ တရားဥပဒေစိုးမိုးရေးနှင့် နိုင်ငံသားတိုင်းဥပဒေ၏အကာအကွယ်ကို တန်းတူညီမျှရရှိစေရေးအတွက် အများပြည်သူယုံကြည်ကိုးစားမှုရှိသော ဥပဒေအရာရှိများဖြစ်စေရန် ဥပဒေအရာရှိကျင့်ဝတ်ကို အလေးထားလိုက်နာကြရန် လိုအပ်ကြောင်းပြောကြားသည်။
ထို့နောက် ဥပဒေအရာရှိများအား မကွေးတိုင်းဒေသကြီး ဥပဒေအရာရှိကျင့်ဝတ်ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဥပဒေအရာရှိ ဒေါ်လှလှဆွေနှင့် အဖွဲ့က မေးမြန်းဆွေးနွေးပြီး တိုင်း၊ခရိုင်၊မြို့နယ် ဥပဒေရုံးများရှိ ဥပဒေအရာရှိ စုစုပေါင်း (၃၅)ဦးတို့အား ဥပဒေအရာရှိ ကျင့်ဝတ်ဆိုင်ရာ တွေ့ဆုံမေးမြန်းခြင်းအစီအစဉ်ကိုဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။
မောင်ခိုင်မင်း (ပြန်/ဆက်)