ကြို့ပင်ကောက် ဇွန် ၅
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ် အ-မ-က (ခြံသာယာ)ကျောင်းသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများက နယ်လှည့် အသိပညာပေးကွင်းဆင်းဆောင်ရွက်ခြင်းကို ဇွန်လ ၅ ရက်နေ့ကဆောင်ရွက်ခဲ့သည်။
အ-မ-က (ခြံသာယာ)ကျောင်းသို့ တက်ရောက်နေကြသော ကျောင်းသား ကျောင်းသူများအား ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ဟောပြာခြင်း၊ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောခြင်း၊ လူငယ်ရေးရာအသိပညာပေးဟောပြောခြင်းနှင့် နံရံကပ်စာစောင်များပြသခြင်း၊ ရုပ်ပုံစာအုပ်များဖြင့် ပုံပြောခြင်း၊ စာအုပ်စာ ဆောင်များပြသ၍ စာအုပ်များဖတ်ရှု့စေခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနက ကျောင်းသားလူငယ်များ အသိပညာဗဟုသုတများ ရရှိစေရန်အတွက် အသိပညာပေးဟော ပြောပွဲများ၊ နံရံကပ် စာစောင်ပြပွဲများ၊ စာအုပ်ပြပွဲနှင့် နည်လှည့်စာကြည့်တိုက်ဖွင့်လှစ်ခြင်းတို့ကို လစဉ် နယ်လှည့်ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဇေယျာထွန်း (ကြို့ပင်ကောက်)