စလင်းမြို့နယ်ရှိ စက်သုံးဆီရောင်းဝယ်ရေးဆိုင်များအား မီးဘေးလုံခြုံရေးမီးဘေးအန္တရာယ် ကင်းဝေးစေရန် ကွင်းဆင်းစစ်ဆေးဆောင်ရွက်

စလင်း ဇွန်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့၌ စက်သုံးဆီအရောင်းဆိုင်များအား ရက်(၁၀၀)အတွင်း ပြည်သူအကျိုးပြုလုပ်ငန်းအဖြစ် မီးဘေးလုံခြုံရေးနှင့် မီးဘေးအန္တရာယ်ကင်းဝေးစေရန် ကွင်းဆင်းစစ်ဆေးခြင်းနှင့် လက်တွေ့သရုပ်ပြသခြင်းကို  မီးသတ်ဦးစီးမှူးနှင့်တပ်ဖွဲ့ဝင်များက ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးသက်ဇော်ထူး ဦးဆောင်ပြီး သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များက ရက်(၁၀၀)အတွင်း ပြည်သူအကျိုးပြုလုပ်ငန်းအဖြစ် ဒေသခံစက်သုံးဆီ အရောင်းဆိုင်များအားရာသီဥတုဖောက်ပြန်ပြောင်းလဲမှုများ ကြောင်းမီးဘေးအန္တရာယ်ကင်းဝေးစေရန် မြို့ပေါ်ရပ်ကွက်ကျေးရွာများရှိ  စက်သုံးဆီအရောင်းဆိုင်များ  မီးဘေးလုံခြုံရေးအတွက် မီးသတ်ဦးစီးဌာနမှ သတ်မှတ်ထားသော စည်းမျဉ်း၊ စည်းကမ်း၊ သတ်မှတ်ချက်စံနှုန်းများနှင့်အညီ စီစဉ်ဆောင်ရွက်ထားရှိမှု ရှိ/မရှိစစ်ဆေးခြင်းနှင့် ​ရေတွင်းရေကန်များတည်ဆောက်ထားရှိမှုများ စစ်ဆေးတိုင်းတာခြင်းနှင့် မီးဘေးအန္တရာယ်ဖြစ်ပွားလာပါက လက်တွေ့မီးငြှိမ်းသတ်ခြင်းများ ပြုလုပ်အသိပညာပေးခြင်းများ ဆောင်ရွက်ပြီး မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် ဆောင်ရွက်ရန်လိုအပ်သော မီးငြှိမ်းသတ်ရေးပစ္စည်ကိရိယာများ ကြံ့ခိုင်ကောင်းမွန်ရေးနှင့် မီးငြှိမ်းသတ်စက်ကိရိယာများဖြင့် စမ်းသတ်မောင်းနှင် သရုပ်ပြသခဲ့ပြီးထပ်မံဖြည့်ဆည်းထားရှိရေးကို အကြံပြု ဆွေးနွေးပြုမှာကြား ဆောင်ရွက်ခဲ့ကြောင်းကို့မြို့နယ် မီးသတ်ဦးစီးမှူး ဦးသက်ဇော်ထူးထံမှ  သိရသည်။

မောင်လွင်(စလင်း)