ပခုက္ကူမြို့၌ ကျောင်းသား၊ ကျောင်းသူများအား ရက်(၁၀၀)လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်များ ကွင်းဆင်းဆောင်ရွက်ပေး

ပခုက္ကူ ဇွန် ၇

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၌ နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀)လမင်းစီမံချက်ဖြင့် အခြေခံပညာကျောင်းများရှိ ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်များ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးရဲအောင်နှင့် ဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ ကျန်းမာရေးနှင့် ပညာရေးဝန်ထမ်းများစုပေါင်း၍ ပခုက္ကူမြို့၊ အမှတ်(၁)အခြေခံပညာကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများ အား နိုင်ငံတော်အစိုးရ၏ရက်(၁၀၀)လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UIDကတ်များကို ဇွန်လ ၅ ရက် နံနက်ပိုင်းမှစတင်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့အထိ ၁၈၀ ဦးပြီးစီးခဲ့ကြောင်း ထိုသို့ဆောင်ရွက်ပေးနေမှုအား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်စိုးမိုးနှင့် အဖွဲ့ဝင်များက ကွင်းဆင်းကြည့်ရှုအားပေး၍ ဆောင်ရွက်ပြီးသည့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်များကို ကျောင်းသား၊ ကျောင်းသူများ လက်ဝယ်အရောက်ပေးအပ်ခဲ့ကြောင်း၊ ကျန်ရှိနေသည့် ကျောင်းသား၊ ကျောင်းသူများကိုလည်း ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)