ပန်းတောင်းမြို့နယ်၌ ဝန်ထမ်းသားသမီးများအား ပညာသင်စရိတ်နှင့် သင်ထောက်ကူပစ္စည်းများ ထောက်ပံ့ပေးအပ်

ပန်းတောင်း ဇွန် ၆

​ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဝန်ထမ်းသားသမီးများအား (၂၀၂၆-၂၀၂၇) ပညာသင်နှစ်အတွက် ပညာသင်စရိတ်နှင့် သင်ထောက်ကူပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၀၉:၀၀ နာရီခန့်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

​အခမ်းအနားတွင် ပန်းတောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်သူရက အဖွင့်အမှာစကား ပြောကြားပြီး (၂၀၂၆-၂၀၂၇) ပညာသင်နှစ်တွင် ပညာသင်ကြားနေသော ဝန်ထမ်းသားသမီးများဖြစ်သည့် တက္ကသိုလ်အဆင့် ကျောင်းသား/သူ (၂) ဦး၊ အထက်တန်းကျောင်းသား/သူ (၅) ဦး၊ အလယ်တန်းကျောင်းသား/သူ (၁၂) ဦးနှင့် မူလတန်းကျောင်းသား/သူ (၂၄) ဦး၊ စုစုပေါင်း (၄၃) ဦးတို့အတွက် ပညာသင် ထောက်ပံ့ကြေးများကို ပေးအပ်ခဲ့သည်။

ထိုသို့ ပညာသင်ထောက်ပံ့ကြေး ပေးအပ်ရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်သူရ၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးချစ်ကိုကိုနှင့် မိသားစုစည်းကမ်းထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌ ဒေါ်မြတ်စန္ဒာတို့မှ တစ်ဦးလျှင် ထောက်ပံ့ငွေ (၃၀၀၀၀/-) ကျပ်နှုန်းဖြင့် စုစုပေါင်း (၁၂၉၀၀၀၀/-) ကျပ်နှင့် စာရေးကိရိယာတန်ဖိုး (၅၀၄၆၀၀/-) ကျပ်၊ စုစုပေါင်းငွေကျပ် (၁၇၉၄၆၀၀/-) ကျပ်အား ဝန်ထမ်းသားသမီးများထံ ပညာသင်ထောက်ပံ့ကြေးအဖြစ် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

​လပြည့်လင်း(ပြန်/ဆက်)