အိမ်မဲ ဇွန် ၇
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ကြို့ကုန်းကျေးရွာ အ-ထ-က ကြခတ်ကွေ့ကျောင်းတွင် စုရပ်ပြုလုပ်ပြီး မြောင်းမြမြို့ ပြည်သူ့ဆေးရုံမှ အထူးကုဆရာဝန်ကြီးများက ကွင်းဆင်း၍ ကြခတ်ကွေ့ကျေးရွာအုပ်စုအတွင်းရှိ ပြည်သူများအား အခမဲ့ဆေးကုသပေးခြင်းကို ယမန်နေ့နံနက် ၈ နာရီက စတင်ကကုသပေးခဲ့သည်။
အဆိုပါကွင်းဆင်းဆေးကုသပေးခြင်းကို ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၏ လမ်းညွှန်မှုဖြင့် ပြည်သူ့ဆေးရုံကြီး၊ မြောင်းမြမြို့မှ ဆေးရုံအုပ်ကြီးဦးဆောင်၍ သားဖွားမီးယပ်အထူးကုဆရာဝန်ကြီး၊ အရိုးအထူးကုဆရာဝန်ကြီး၊ အထွေထွေရောဂါကုသမားတော်၊ ကလေးအထူး ကုဆရာဝန်၊ မျက်စိအထူးကု ဆရာဝန်၊ အရေပြားအထူးကုဆရာဝန်၊ သွားဘက်ဆိုင်ရာ အထူးကုဆရာဝန်နှင့် နှား/ နှာခေါင်း/လည်းချောင်း အထူးကု ဆရာဝန်၊ ခွဲစိပ်ဆရာဝန် တို့ပါဝင်သော အထူးကုဆေးကုသရေးအဖွဲ့သည် ၂၀၂၆ ခုနှစ်၊ ဇွန်လ(၆)ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ အိမ်မဲမြို့နယ်၊ ကြခတ်ကွေ့ကျေးရွာအုပ်စုအတွင်းရှိ ဒေသခံပြည်သူများအား မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနနှင့်ပူးပေါင်း၍ ကွင်းဆင်းကုသမှုများ ဆောင်ရွက်ပေးခဲ့သည်။
ထိုကဲ့သို့ကုသပေးခဲ့ရာ၌ အထွေထွေရောဂါလူနာ (၁၆၈)ဦး၊ မျက်စိလူနာ(၁၅၄)ဦး၊ အရိုးအကြောလူနာ (၁၆၁)ဦး၊ သွားနှင့်ခံတွင်းလူနာ (၆၀)ဦး၊ ကလေးရောဂါလူနာ(၆၀)ဦး၊ အရေပြားလူနာ(၆၆)ဦး၊ ကိုယ်အင်္ဂါ ပြန်လည်သန်စွမ်းရေးလူနာ(၃၅)ဦး၊ နား/နှာခေါင်း/လည်ချောင်းလူနာ(၃၄)ဦး၊ သားဖွားမီးယပ်လူနာ (၂၅)ဦး၊ ခွဲစိတ် ရောဂါလူနာ (၃၆)ဦး၊ ညွှန်းပို့လူနာ(၄)ဦးအား ပြည်သူ့ဆေးရုံကြီး မြောင်းမြမြို့တွင် လိုအပ်သော ကုသမှုများ ဆက်လက်ဆောင်ရွက်နိုင်ရန် စီစဉ်ဆောင်ရွက်ခဲ့ကာ အဆိုပါကုသနေမှုများအား မြောင်းမြခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်ရေးဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ အိမ်မဲမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ အိမ်မဲမြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည် ကွင်းဆင်းဆေး ကုသမှုပေးနေသည့် အခြေအနေများကိုကြည့်ရှုကာ လာရောက်ပြသသည့် ဒေသခံပြည်သူများကို ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားပေးစကားပြောကြားခဲ့ပြီး လာရောက်ပြသသည့်လူနာများအား ထမင်းဘူးများ ဝေငှပေးခဲ့ကြောင်း သိရသည်။
ချစ်သက်လယ် (ပြန်/ဆက်)