တောင်ဥက္ကလာပ ဇွန် ၇
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်အတွင်းရှိ သောက်ရေသန့်စက်ရုံများအား ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခြင်းကို ဇွန်လ ၅ ရက်နေ့ နံနက်ပိုင်းက အမှတ်(၅၊ ၁၀၊ ၁၃၊ ၁၄)ရပ်ကွက်တို့၌ ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခဲ့သည်။
ထိုသို့ သောက်ရေသန့်စက်ရုံများအား ကွင်းဆင်းစစ်ဆေးရာတွင် သက်ဆိုင်သည့်ဌာနအလိုက် ခွင့်ပြုပေးထားသည့်လုပ်ငန်းလိုင်စင်ခွင့်ပြုချက်များ ရှိ/မရှိ၊ သက်တမ်းတိုးလျှောက်ထားခြင်းရှိ မရှိ၊ မြေပြင်တွင်လုပ်ငန်းဆောင်ရွက်မှု ရှိ/မရှိ၊ သတ်မှတ်လိုင်စင်စည်းကမ်းများနှင့်အညီ ဖွင့်လှစ်ဆောင်ရွက်ခြင်း ရှိ/မရှိကို ရန်ကုန်တိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနခွဲ ဦးစီးအရာရှိ (အစား အသောက်)ဒေါ်ကျော့ကျော့ခိုင်နှင့် ဒုကြီးကြပ်ရေးမှူး ဒေါ်အေးသီရိနိုင် ဦးဆောင်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်ကိုကို၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးမှူး ဒေါက်တာအေးအေးမိုး၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှတာဝန်ရှိသူများ၊ မြို့နယ်စည်ပင်သာယာတာဝန်ရှိသူများ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှတာဝန်ရှိများနှင့် သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများပါဝင်သော ပူးပေါင်းအဖွဲ့သည် မြို့နယ်အတွင်းရှိ သောက်ရေသန့်စက်ရုံ(၇)ခုတို့အား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ခင်ဆွေနှင်း(ပြန်/ဆက်)