မြို့သစ် ဇွန် ၇
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်၌ ကျန်းမာရေးဝန်ကြီးဌာနနှင့် ပညာရေး ဝန်ကြီး ဌာနတို့ပူးပေါင်းကျင်းပသော ၂၀၂၆-၂၀၂၇ ပညာသင်နှစ် မြို့နယ်အဆင့် ကျန်းမာရေး အဆင့်မြင့် ကျောင်းပေါ်ထွန်းရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် ၈နာရီခွဲက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊( ရတနာ) ခန်းမ၌ ကျင်းပသည်။
အဆိုပါ ၂၀၂၆-၂၀၂၇ပညာသင်နှစ် မြို့နယ်အဆင့် ကျန်းမာရေးအဆင့်မြင့်ကျောင်းပေါ်ထွန်းရေး အလုပ်ရုံဆွေးနွေးပွဲကို ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန မြို့နယ်ဆရာဝန်ကြီး ဒေါက်တာကျော်မျိုးဇော်ကမြို့နယ်အတွင်း ကျောင်းကျန်းမာရေးအဆင့်မြင့်ကျောင်းပေါ်ထွန်းရေ းဆောင်ရွက်ရမည့်အချက်အလက်၊ လုပ်ငန်းစဉ်တို့အားရှင်းလင်းပြောကြားကာ မြို့နယ်ပညာရေးမှူးက၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွင်းကျောင်းများ ကဏ္ဍအလိုက်ဆောင် ရွက်ရမည့်အချက်များကို ရှင်းလင်းပြောကြားသည်။
ထို့နောက်မြို့နယ်မှ ကျန်းမာရေးနှင့်ပညာရေးဝန်ထမ်း နည်းပြဆရာ/ဆရာမတို့က မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ဆရာဆရာမတို့အား ကျောင်းအခြေ ပြုဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများ၊ ကျန်းမာရေးအဆင့်မြင့်ရေး ဆောင်ရွက်ရမည့် လုပ်ငန်းများ၊ အဆင့်အလိုက်ခွဲခြားသတ်မှတ်ရမည့် လုပ်ငန်းတာဝန်တို့အား ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ကြောင်းသိရသည်။
သန်းဝင်းထွန်း ပြန်/ဆက်