သရက်မြို့၌ စာပေချစ်မြတ်နိုးသူများ Book Club အဖွဲ့မှ စာဖတ်ဝိုင်းကျင်းပ

သရက် ဇွန် ၇

မကွေးတိုင်းဒေသကြီး၊ သရက်မြို့တွင် စာပေချစ်မြတ်နိုးသူများ Book Club အဖွဲ့မှ စာရေးဆရာ နန္ဒာသိန်းဇံရေးသားသည့် ခရောင်းလမ်းကိုဖြတ်ကျော်ခြင်းစာအုပ်အား ယမန်နေ့ နံနံက်(၁၀)နာရီက ခရိုင်ပြည်သူ့စာကြည့်တိုက် Community Centre ခန်းမ၌ စာဖတ်ဝိုင်းကျင်းပပြုလုပ်ဆောင်ရွက်သည်။

အဆိုပါစာဖတ်ဝိုင်းတွင် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်နေမျိုးပိုင်က စာရေးဆရာ၏ ကိုယ်ရေးအကျဉ်းနှင့် ထုတ်ဝေခဲ့သည့်စာအုပ်များ အား ဖတ်ကြားရှင်းလင်းဆွေးနွေးပေးပြီး စာရေးဆရာ နန္ဒာသိန်းဇံ ရေးသားသည့် “ခရောင်းလမ်း ကိုဖြတ်ကျော်ခြင်းစာအုပ်” မှ တက်ရောက်လာကြသည့်စာပေချစ်မြတ်နိုးသူများက အခန်းလိုက် တစ်ဦးချင်းမှ ကိုယ်ပိုင်အမြင်၊ ကိုယ်ပိုင်အတွေးများ၊ စာရေးဆရာ၏ စာဖတ်သူများအား ပေးချင်တဲ့ ဗဟုသုတများ၊ စာပေအလင်းများကို ပွင့်ပွင့်လင်းလင်း ရှင်းလင်းဆွေးနွေးပေးခဲ့ကြောင်း သိရသည်။

ဇော်ထက်(သရက်)