မြိတ်မြို့နယ် ကျွဲကူးကျေးရွာရှိ မူလတန်းလွန်ကျောင်း(အဏ္ဏဝါ) ကိုယ်ထူကိုယ်ထ ကျောင်းဆောင်သစ်ဖွင့်လှစ်

မြိတ်    ဇွန်    ၇

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်ကျွဲကူးကျေးရွာ အဏ္ဏဝါရပ်ရှိ မူလတန်းလွန်ကျောင်းတွင် ကိုယ်ထူကိုယ်ထကျောင်းဆောင်သစ် (မဉ္ဇူဆောင်) ဖွင့်ပွဲကို ဇွန်(၇)ရက် နံနက်ပိုင်းက အဆိုပါ ကျောင်း ဆောင်ရှေ့တွင် ကျင်းပသည်။

ကျောင်းဆောင်သစ်ဖွင့်ပွဲကို ကျောင်းသား/သူများက “ မြန်မာ့ကျောင်းသီချင်း ” ဖြင့်သီဆိုဖွင့်လှစ်ခဲ့ ကြ၍ ကျောင်းဆောင်သစ်အား တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသက်နိုင်၊ မြို့နယ်စီမံခန့်ခွဲရေး နှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးပြည်ဟိန်းကျော် နှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး ကျောင်းဆောင်သစ်အား ကြည့်ရှုအားပေးကြသည်။

အဆိုပါ ကျောင်းဆောင်သည် အလျား(၅၀)ပေ၊ အနံ(၃၀)ပေ RC (၂) ထပ် ကျောင်းဆောင်ဖြစ်ပြီး ပျက်စီးယိုယွင်းသည့် ကျောင်းဆောင်အဟောင်းကို ကျေးရွာအုပ်ချုပ်ရေးအဖွဲ့နှင့် ကျောင်းအကျိုး တော်ဆောင်အဖွဲ့တို့မှ ကိုယ်ထူကိုယ်ထဖြင့် ကျောင်းဆောင်သစ် တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ခိုင်ထူး ( ပြန်/ဆက် )