မိုးညိုမြို့နယ်၌ သဘာဝမြေဩဇာဘိုင်အိုချာထုတ်လုပ်နည်းလက်တွေ့ပြသခြင်းပြုလုပ်

မိုးညို     ဇွန်    ၇

ပဲခူးတိုင်းဒေသကြီး၊ မိုးညိုမြို့၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးဝင်းအတွင်း၌ မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများအား သဘာဝမြေဩဇာဘိုင်အိုချာထုတ်လုပ်နည်းလက်တွေ့ပြသခြင်းကို ဇွန် ၇ ရက်၊ နံနက် ၈ နာရီခွဲက ပြုလုပ်ခဲ့သည်။

ဦးစွာ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်သီတာဦးကသဘာဝမြေဩဇာ ဘိုင်အိုချာပြုလုပ်နည်းအဆင့်ဆင့်၊ လိုအပ်သည့်ပစ္စည်းထည့်သွင်း အသုံးပြုရန်နူန်းထားများ၊ သဘာဝမြေဩဇာပြုလုပ်သုံးစွဲခြင်းဖြင့် ရရှိလာမည့်အကျိုးကျေးဇူးများကိုအသိပညာပေးရှင်းလင်းပြောကြားသည်။

ထို့နောက် သဘာဝမြေဩဇာဘိုင်အိုချာ ပြုလုပ်ပုံအဆင့်ဆင့်ကို တောင်သူများအားလက်တွေ့ပြသခဲ့ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဖုန်းလွင်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများကကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။

ကိုမင်း(ပြန်/ဆက်)