လပွတ္တာမြို့နယ်တွင်ရွေးမေတ္တာ ဆိပ်ခံတံတားဖွင့်ပွဲကျင်းပ

လပွတ္တာ  ဇွန်   ၇

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်၊ စိန်ရတုလမ်းနှင့်ရာပြည့်လမ်းထောင့်တွင် ရွေးမေတ္တာဆိပ်ခံတံတားဖွင့်ပွဲ အခမ်းအနားကိုယနေ့ နံနက် ၇ နာရီ ၂၀ မိနစ် အချိန်တွင်ဖွင့်လှစ်ခဲ့သည်။

အခမ်းအနားတွင် လပွတ္တာခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလွင်ကိုဦး၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး မျိုးမြင့်နှင့်တာဝန်ရှိသူများကဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ပြီး ခရိုင်အုပ်ချုပ်ရေးမှူးမှအဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက်တံတားသစ် ကဗ္ဗည်းမော်ကွန်းအား တာဝန်ရှိသူများကအမွှေးနံ့သာရည်များပက်ဖြန်းခဲ့ကြပြီး ဘင်ခရာ၊ ပန်းပွားအဖွဲ့နှင့် ဖဲကြိုးကိုင်ကြသည့် ကျောင်းသား/သူလေးများကို ဂုဏ်ပြုဆုတော်ငွေ (၉)သိန်းကျပ်အား ဂုဏ်ပြုချီးမြှင့်ပေးခဲ့သည်။

အဆိုပါတံတားဖွင့်လှစ်ခြင်းဖြင့် လပွတ္တာမြို့နယ်အတွင်းရှိ ကျေးရွာများမှကုန်စည်များစီးဆင်းမှု မြန်ဆန်ခြင်းနှင့်ဒေသခံပြည်သူများအတွက်သွား‌လာရေးလွယ်ကူအဆင်ပြေမည်ဖြစ်ကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်