ဒိုက်ဦး ဇွန် ၇
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်၊ အမှတ်(၅) သံတံတားရပ်ကွက်၊ ဆွမ်းလောင်းဓမ္မာရုံတွင် နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀)စီမံချက်ဖြင့် အသက် (၁၀) နှစ်နှင့်အထက် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်များကို One Stop Service နေ့ချင်းပြီး အစီအစဥ်ဖြင့် ထုတ်ပေးခြင်းလုပ်ငန်းကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက ယမန်နေ့ နံနက်ပိုင်းမှ စတင်၍ ကွင်းဆင်းကာ စနစ်တကျ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကွင်းဆင်းဆောင်ရွက်ပေးရာနေရာသို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖများ၊ ရပ်ကွက်နေပြည်သူများက ဝိုင်းဝန်းကာပေါင်းစပ်ကူညီပေးခဲ့ပြီး နိုင်ငံ သားစိစစ်ရေးကတ်ပြားများကို ကာယကံရှင်ထံသို့ လက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။
စိုးထက်ကျော်(ပြန်/ဆက်)