ပင်လုံမြို့၌ အမှတ်(၄)ရပ်ကွက် နောင်ပန်လမ်း၊ ဖွံ့​​ဖြိုးလမ်း၊ နောင်ပန်လမ်းသွယ် ကတ္တရာလမ်းသစ်ဖဲကြိုးဖြတ်ဖွင့်လှစ်ခြင်းနှင့် ဆွမ်းဆက်ကပ်လှူဒါန်းရေစက်ချပွဲ အခမ်းအနားကျင်းပ

ပင်လုံ ဇွန်  ၇

ရှမ်းပြည်နယ် (​တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့၌ အမှတ်(၄)ရပ်ကွက် နောင်ပန်လမ်း၊ ဖွံ့​​ဖြိုးလမ်း၊ နောင်ပန်လမ်းသွယ်ပေ လမ်းအရှည်(၂၃၀၀)ပေ/လမ်းအကျယ်(၁၂)ပေ ကိုယ်ထူကိုယ်ထ ကတ္တရာလမ်းဖဲကြိုးဖြတ်ဖွင့်လှစ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါလမ်း၌ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ အခမ်းအနားအား တိုက်အုပ်ဆရာတော်၊မြို့အုပ်ချုပ်ရေးမှူး၊ ရပ်ကွက်(၄) အုပ်ချုပ်ရေးမှူး၊ စည်ပင်ဦးစီးမှူးနှင့် ရပ်မိ/ရပ်ဖတစ်ဦးမှဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ပြီးနောက် နမောတဿ (၃)ကြိမ် ရွတ်ဆိုဘုရားကန်တော့၍ လှူဒါန်းမှူအခမ်းအနားစတင်၍ တိုက်အုပ်ဆရာတော်ဘုရားထံမှ သရဏာဂုံသုံးပါးနှင့် ငါးပါးသီလခံယူဆောက်တည်ခြင်း ဆရာတော်သံဃာတော်များအား နဝကမ္မဝတ္ထုငွေဆက်ကပ်လှူဒါန်းခြင်းနှင့် ပရိတ်တရားတော်များနာယူခဲ့ကြသည်။ ထို့နောက် ပင်လုံမြို့အုပ်ချုပ်ရေးမှူးမှအမှာစကားပြောကြား၍ ကော်မတီတစ်ဦးမှ ရသုံးငွေစာရင်းအားဖတ်ကြားရှင်းလင်းခဲ့ပြီး ကော်မတီအလှူရှင်နှစ်ဦးမှ မြန်မာဘာသာ၊ ရှမ်းဘာဖြင့် ကျေးဇူးတင်စကားပြောကြားခြင်း ရတနာမြတ်သုံးပါးအား သြကာသကန်တော့ချိုးဖြင့် ပြန်လည်ကန်တော်၍ ရေစက်ချလှူဒါန်းမှု အခမ်းအနားပြီးမြောက်ခဲ့ပြီး ဆရာတော်သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်ခဲ့ကြောင်း သိရသည်။

ယင်းအခမ်းအနားသို့ တိုက်အုပ်ဆရာတော်ကြီး၊ ပင်လုံမြို့အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ စာ​ပေယဥ်ကျေးမှုအသင်းများ၊ ​ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

မြို့နယ်(​ပြန်/ဆက်)