မက်မန်း ဇွန် ၇
ရှမ်းပြည်နယ်“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် မြစိမ်းရောင် (အသားငါးကဏ္ဍ) မွေးမြူရေး ကျေးရွာထူထောင်ရန်အတွက် တတိယအကြိမ်အရင်းမပျောက်ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲကို ယနေ့နံနက် ၁၀ နာရီက မက်မန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းလင်းအောင်က အမှာစကားပြောကြားပြီး ခရိုင်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှဒုတိယညွှန်ကြားရေးမှူး ဒေါက်တာမြင့်မွန်က သတ်မှတ်အတိုး(၁%)နှုန်းထားများကို (၃) လတစ်ကြိမ် ပုံမှန်ပေးသွင်းသွားရန်နှင့်မွေးမြူထိန်းသိမ်းစောင့်ရှောက်ခြင်းလုပ်ငန်းများအကြောင်း ဆွေးနွေးဟောပြောပြီး မြို့နယ်မွေး မြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါက်တာခင်ပြည့်ပြည့်ဖြိုးက ဝက်မွေးမြူရေးနည်း စနစ်များအကြောင်း ဟောပြောဆွေးနွေးခဲ့သည်။
ထို့နောက် မြစိမ်းရောင်(အသားငါးကဏ္ဍ) အရင်းမပျောက်ရန်ပုံငွေကျပ် သိန်း ၃၆၀ ကို တာဝန်ရှိသူများက ငှက်ယောင်းအုပ်စု၊ ဝမ်ဟွေကျေးရွာ ရန်ပုံငွေကြီးကြပ်မှုကော်မတီများထံ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)