ငပုတော ဇွန် ၇
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် မြေစာရင်းဦးစီးဌာနမြို့နယ်ဦးစီးမှူး ဦးမင်းဇင်နိုင်နှင့်ဝန်ထမ်းများက သက္ကယ်ချောင်း ကျေးရွာမြေငှားဂရန် ထုတ်ပေးနိုင်ရေး (RTK GPS, Total Station) ခေတ်မီမြေတိုင်းစက်ဖြင့် ကွင်းဆင်းတိုင်းတာနေမှုကို ကျေးရွာမြေ ငှားဂရန်ထုတ်ပေးနိုင်ရေး ဆောင်ရွက်နေမှုအားယနေ့နံနက်ပိုင်းက မြို့နယ်မြေငှားဂရန် ထုတ်ပေးနိုင်ရေး မြို့နယ်လုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဆန်းဦးက ယနေ့နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကျေးရွာမြေငှားဂရန် ထုတ်ပေးနိုင်ရေးလုပ်ငန်းကို ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဘဏ္ဍာရေးရန်ပုံငွေဖြင့် ငပုတောမြို့နယ်၊ သက္ကယ်ချောင်းကျေးရွာရှိ ဒေသခံပြည်သူများ လူနေထိုင်သည့်ကျေးရွာ မြေငှားဂရန် ထုတ်ပေးနိုင်ရေးအတွက် ရှေ့ပြေးအနေဖြင့် ငပုတောမြို့နယ် မြေစာရင်းဦးစီးဌာနမှ ဝန်ထမ်းများက (RTK GPS, Total Station) ခေတ်မီမြေတိုင်းစက်ဖြင့် ကွက်စိတ်၊ ကွက်ကျဲ ကွင်းဆင်းတိုင်းတာနေခြင်းကို ၂၀၂၆ ခုနှစ်၊ မေ လ (၁၅) ရက်နေ့မှစတင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အောင်သူ(ပြန်/ဆက်)