တနင်္သာရီ ဩဂုတ် ၆
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့၏ အနောက်တောင်ဘက် (၁၂) မိုင်ခန့်အကွာ တနင်္သာရီမြစ်အတွင်းစီးဝင်သည့် ပဝကျေးရွာအုပ်စု-ပဝချောင်း ကမ်းနံဘေးရှိ ပဝကျေးရွာအုပ်စု-သာယာကုန်းကျေးရွာတွင် ယမန်နေ့နေ့ညနေပိုင်းအထိ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပဝချောင်းရေမြင့်တက်လာပြီး ၎င်းကျေးရွာတွင် ရွာတွင်းလမ်းများနှင့် လူနေအိမ်ခြေ (၁၀၀) ခန့်၏ ခြံဝန်းများအတွင်း ရေများဝင်ရောက်လျက်ရှိကြောင်း၊ နေအိမ်များနစ်မြုပ်ခြင်းမရှိသေးဘဲ၊ လူ/တိရစ္ဆာန် ထိခိုက်သေဆုံးမှုမဖြစ်စေရန်၊ ပြောင်းရွှေ့နေထိုင်ရေးစီစဉ်လျက်ရှိကြောင်း ပဝကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးမှ သိရှိရ သည်။
အလားတူ မြို့နယ်အတွင်း အနိမ့်ပိုင်းနေရာရှိ ကျေးရွာအချို့၌ ကျေးရွာအတွင်းသို့ ရေများစတင်ဝင်ရောက်နေပြီဖြစ်ပြီး၊ ဩဂုတ်လ ၅ ရက်နေ့၊ ညနေ ၆ နာရီအထိ မြစ်ရေအခြေအနေမှာ သာမန်မြစ်ရေအထက် (၁၅ ပေ ၈ လက်မ)အထိ ရောက်ရှိနေပြီဖြစ်သည်။ တနင်္သာရီမြို့ နယ်၏ စိုးရိမ်ရေ အမှတ်မှာ (၁၇) ပေဖြစ်သည်။
နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)