ကလော ဇွန် ၈
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောခရိုင်၊ ကလောမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိနှင့်ဝန်ထမ်းများက ရက်(၁၀၀)အတွင်း လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်ထုတ်ပေးခြင်းကို ဇွန်လ ၆ ရက်နေ့ နံနက်ပိုင်းမှစ၍ အမှတ်(၁)အခြေခံပညာအထက်တန်းတွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးမြင့်မြတ်သူနှင့်ဝန်ထမ်းများက အသက်(၁၀) နှစ်ပြည့်၊ အသက်(၁၈ )နှစ်ပြည့် နိုင်ငံသားစီစစ်ရေးကတ်ပြားနှင့် UID ကတ်များ ကွင်းဆင်းဆောင်ရွက်ပေး နေမှုအား ကလောခရိုင်စီမံခန့်ခွဲရေးကော်မတီခေတ္တဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်မင်းမင်းပိုက်နှင့်ခရိုင်စီမံအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့်တာဝန်ရှိသူများက လာရောက်ကြည်ရှု့အားပေးခဲ့ကြောင်း၊ ယနေ့နေ့ချင်းပြီး နိုင်ငံသားကတ်(၅၀)နှင့် UID ကတ်(၅၀)အား ကျောင်းသား/ကျောင်းသူများလက်ဝယ်သို့ပေးအပ်ခဲ့ကြောင်း တာဝန်ရှိသူထံမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)