မောက်မယ် ဇွန် ၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး၊ ဓာတ်အားပြည့်ဝစွာသုံးစွဲနိုင်ရေး၊ လျှပ်စစ်ဓာတ်အား ပျောက်ဆုံးမှုလျှော့ချနိုင်ရေးနှင့် တရားမဝင်ဓာတ်အားသုံးစွဲမှုမရှိစေရေး ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက် ၉ နာရီမှစတင်ပြီး မြို့နယ်လျှပ်စစ်မှူး ဦးကျော်ဇင်ဝင်းကဦးဆောင်၍ ဝန်ထမ်းများနှင့်အတူ ရပ်ကွက်နှင့်ကျေးရွာများသို့ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် ရပ်ကွက်နှင့်ကျေးရွာများအတွင်း တပ်ဆင်အသုံးပြုလျက်ရှိသော မီတာများတရားမဝင်ဓာတ်အားသုံးစွဲမှုမရှိစေရေးနှင့် မီတာများ ရပ်၊ ပျက်၊ နှေး ဖြစ်ပေါ်မှု ရှိ/မရှိ စစ်ဆေးဆောင်ရွက်ခဲ့ပြီး ဆက်လက်၍ ဝန်ထမ်းများနှင့်အတူ ဓာတ်အားလိုင်းနှင့်မလွတ်ကင်းသော သစ်ပင်/သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခဲ့ကြောင်း မြို့နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေး လုပ်ငန်းမှ တာဝန်ရှိသူ၏ပြောကြားချက်အရသိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)