ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်၌ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် စာရေးများအား လုပ်ငန်းစွမ်းဆောင်ရည်မြှင့်မားရေး သင်တန်းဖွင့်လှစ်

ဟိုပုံး ဇွန် ၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်၌ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့်စာရေးများအား လုပ်ငန်းစွမ်းဆောင်ရည်မြှင့်မားရေးသင်တန်းကို ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဦးစွာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့အတွင်းရေးမှူး ဦးမျိုးအောင်က အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် သင်ထောက်ကူပစ္စည်များကို ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ အတွင်းရေးမှူး ဦးမျိုးအောင်က ရပ်ကွက်/ကျေးရွာအုပ်စု  အုပ်ချုပ်ရေးမှူးများကိုလည်းကောင်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးခွန်သိန်းရွှေက စာရေးများကိုလည်းကောင်း အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြသည်။

အဆိုပါသင်တန်းတွင် ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ စာရေးဝန်ထမ်းများ တက်ရောက်ကြပြီး  အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ လုပ်ငန်းတာဝန်များနှင့်ဦးစီးတာဝန်များ၊ ဝန်ထမ်းစည်းမျည်းစည်းကမ်းများ၊ နိုင်ငံ့ဝန်ထမ်းဥပဒေနှင့်နည်းဥပဒေများ၊ ဝန်ထမ်းကျင့်ဝတ်များ၊ သစ်တောဥပဒေညွှန်ကြားချက်နှင့်လုပ်ထုံးလုပ်နည်းများ၊ မြေလွတ်မြေရိုင်းစီမံခန့်ခွဲမှုဥပဒေနှင့် လုပ်ထုံးလုပ်နည်းများ၊ ယာဉ်အန္တရာယ်လမ်းအန္တရာယ်ကင်းစင်ရေးဆိုင်ရာများ၊ နိုင်ငံခြားသားဥပဒေနှင့် လဝကလုပ်ထုံးလုပ်နည်းများ၊ နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေထုတ်ချေးသည့် ချေးငွေဆိုင်ရာ လုပ်ထုံးလုပ်နည်းများ၊ ယစ်မျိုးနှင့် ဓာတ်သတ္တုအမှုတွဲတည်ဆောက်ခြင်း လုပ်ထုံးလုပ်နည်းများ၊ အသင်း အဖွဲ့များမှတ်ပုံတင်ခြင်းဆိုင်ရာကိစ္စရပ်များ၊ လက်တွေ့အသုံးပြုလျက်ရှိသည့် မီးသတ်ဥပဒေဘာသာရပ်များ ရပ်ကျေးလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ လုပ်ငန်းတာဝန်များနှင့် အခြားနည်းသုံးစွဲခွင့်လုပ်ထုံး လုပ်နည်းများ၊ ပိုးသတ်ဆေးဓာတ်မြေဩဇာဥပဒေနှင့် သီးနှံအထွက်တိုးဆောင်ရွက်ရေးနည်းလမ်း များနှင့် အခြားဝန်ထမ်းရေးရာနှင့် ပတ်သက်သည့်ဘာသာရပ်များကို ဇွန်လ() ရက်နေ့မှ (၁၂) ရက်နေ့ အထိ သင်တန်းနည်းပြများက စာတွေ့လက်တွေ့သင်ကြားပို့ချသွားမည်ဖြစ် ကြောင်းသိရသည်။

ပအိုဝ်းဒေသ(ပြန်/ဆက်)