မိုးနဲ ဇွန် ၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် ဝမ်ဟေကျေးရွာအုပ်စုရှိ တောင်သူများအား မိုးသီးနှံ နေကြာ၊ ပဲပုပ်မျိုးစေ့များပေးအပ်ခြင်းနှင့် စိုက်ပျိုးရေးဆိုင်ရာအသိပညာပေးခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က အဆိုပါကျေးရွာအုပ်စုရှိ နမ့်ဟူးပစ်အခြေခံပညာမူလတန်းကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမြင့်က အဖွင့်အမှာစကားပြောကြားပြီး စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်မော်ဦးက မျိုးစေများပေးအပ်ရခြင်းနှင့်စပ်လျဉ်း၍လည်းကောင်း၊ ဒုတိယဦးစီးမှူး ဒေါ်ယဉ်မင်းထွေးက စိုက်ပျိုးရေးဆိုင်ရာအလေ့အကျင့်ကောင်းများကိုလည်းကောင်း အသိပညာပေးဆွေးနွေးခဲ့သည်။
ထို့နောက် ဝမ်ဟေကျေးရွာအုပ်စုရှိ ပန်လော့ကျေးရွာ၊ ခိုတိဝိုးကျေးရွာ၊ ဝမ်ဟေကျေးရွာရှိ တောင်သူများအား မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်တာဝန်ရှိသူများက နေကြာနှင့်ပဲပုပ်မျိုးစေ့များပေးအပ်ခဲ့ကြောင်း သိရသည်။
မျိုးညွန့်ရွှေ(မိုးနဲ)