ကလိန်အောင် ဇွန် ၈
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင် ကလိန်အောင်မြို့တွင် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်စေရေးအတွက်ရည်ရွယ်၍ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန သစ်တောဦးစီးဌာနမှ ကြီးမှူး၍ ၂၀၂၆ ခုနှစ် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့ နံနက် ၉ နာရီက အမှတ်(၃)ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်းဝင်းအတွင်း၌ ကျင်းပသည်။
သစ်ပင်စိုက်ပျိုးပွဲတွင် ကလိန်အောင်မြို့သစ်တောဦးစီးဌာနမှ တာဝန်ခံဘိနယ်တောအုပ် ထက်လင်းဦး၊ တနင်္သာရီသဘာဝကြိုးဝိုင်းစီမံကိန်းမှ တောအုပ်ကြီးဦးလှိုင်ထက်ကိုနှင့် တာဝန်ရှိသူများက စိုက်ပျိုးမည့်ပျိုးပင်များကို တက်ရောက်လာကြသော မောရဝတီရေတပ်စခန်းဌာနချုပ်မှ ဗိုလ်မှူးကျော်မင်းခန့်၊ ကလိန်အောင်မြို့ နယ်မြေရဲစခန်းမှ စခန်းမှူး ရဲအုပ် ဝင်းဗိုလ်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံပြည်သူများထံ ပေးအပ်ကြပြီး ပျဉ်းကတိုးပင် (၃၀၀)၊ သင်္ကန်း ပင်(၁၀၀)၊ မန်ဂျန်ရှားပင် (၁၀၀)၊ စုစုပေါင်းပျိုးပင်(၅၀၀)တို့အား စနစ်တကျ စုပေါင်း၍ စိုက်ပျိုးကြကြောင်းသိရသည်။
ကလိန်အောင်(ပြန်/ဆက်)