ပင်းတယ ဇွန် ၁၀
ရှမ်းပြည်နယ် တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်၊ ပွေးလှကျေးရွာအုပ်စု ဝါတရာကျေးရွာတွင် ယမန်နေ့ကပင်းတယမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ကျွဲ၊ နွားများအား ပေါင်ပုပ်လက်ပုပ်ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ပင်းတယမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါက်တာထက်ဝေဖြိုး ဦးဆောင်၍ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနဝန်ထမ်းများနှင့် တိရစ္ဆာန်ကျန်းမာရေးဝန်ထမ်းများ (CAHW) တို့သည် ပွေးလှကျေးရွာအုပ်စု၊ ဝါတရာကျေးရွာရှိ ကျွဲ၊ နွားများအား ပေါင်ပုပ်လက်ပုပ်ရောဂါကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြပြီး၊ ၎င်းကျေးရွာမှ မွေးမြူတောင်သူများအား တိရိစ္ဆာန်ကူးစက်ရောဂါကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲပြုလုပ်ကာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အောင်ကိုဦး (ပြန်/ဆက်)