ဦးစီးဌာနရုံးချုပ်၏လှုပ်ရှားမှုများ

ခမောက်ကြီးမြို့တွင် နွေရာသီဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းဖွင့်ပွဲအခမ်းအနား ပြုလုပ်

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့တွင် နွေရာသီဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းကို တိလောကာရုံကျောင်းတိုက် ပဓာနနာယကဆရာတော်ကြီးမှူး၍ အ.ထ.က ခမောက်ကြီးကျောင်းတွင် ယမန်နေ့ နေ့လယ် (၁) နာရီခန့်က သင်တန်းဖွင့်ပွဲအခမ်းအနားပြုလုပ်ခဲ့သည်။

ကသာမြို့ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ အခြေခံစာကြည့်တိုက်ပညာသင်တန်း ဖွင့်ပွဲအခမ်းအနားပြုလုပ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့တွင် အခြေခံစာကြည့်တိုက်ပညာသင်တန်းဖွင့်ပွဲ အခမ်းအနားကို မတ်လ(၁၇)ရက်နေ့နံနက် (၁၀) နာရီခွဲအချိန်က ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့သည်။

ကျောက်ပန်းတောင်းမြို့နယ်တွင် (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ထုတ်ဝေသည့် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ထုတ်ဝေသည့် သတင်းစကား လက်ကမ်းစာစောင်များကို၊ ဖေဖော်ဝါရီ (၁၁) ရက်နေ့ နံနက် (၉) နာရီက အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းတို့တွင် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အင်းစိန်မြို့နယ် လောကချမ်းသာအဘယလာဘမုနိရုပ်ပွားတော်မြတ်ကြီး၏ (၂၄) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်နှမ်းမနဲထိုးပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

လောကချမ်းသာအဘယလာဘမုနိရုပ်ပွား တော်မြတ်ကြီး၏ (၂၄) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် နှမ်းမနှဲထိုးပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၉ ရက်နေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ သီရိမင်္ဂလာမဟာသာသနာ့ဗိမာန်တော်ကြီးတွင် ကျင်းပပြုလုပ်ခဲ့ကြသည်။

(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို မိတ္ထီလာပညာရေးဒီဂရီကောလိပ်၏ အားကစားပြိုင်ပွဲဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့ မိတ္ထီလာပညာရေးဒီဂရီကောလိပ်၏ အားကစားပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေ ၄ နာရီခွဲ အချိန်က ခရိုင်အားကစားကွင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။

စစ်ကိုင်းမြို့တွင် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် မြေစိုက်ပိုစတာ စိုက်ထူ

စစ်ကိုင်းမြို့တွင် ၂၀၂၅ ခုနှစ်(၇၈)နှစ်မြောက်၊ ပြည်ထောင်စုနေ့အထိမ်းအမှတ် မြေစိုက်ပိုစတာ စိုက်ထူခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက စစ်ကိုင်းမြို့၊ မြို့တော်ခန်းမရှေ့တွင် ကျင်းပပြုလုပ်ခဲ့သည်။

ရွှေဘိုမြို့၌ KG ကျောင်းသားကလေးငယ်များအား ​ကျောင်းတွင်းအာဟာရကျွေးမွေးခြင်းဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး၊ ​ရွှေဘိုခရိုင်/မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး ကျောင်းနေအရွယ်ကလေးများ အာဟာရဖွံ့ဖြိုးရေးလုပ်ငန်းအဖြစ် KG အရွယ် ကျောင်းသား/ကျောင်းသူတစ်ဦးအတွက် တစ်နေ့တာစွမ်းအင်လိုအပ်ချက်၏ အနည်းဆုံး (၃၀) ရာခိုင်နှုန်း၊ (၅၅၅) ကီလိုဂရမ်လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရေး ကျောင်းတွင်းအာဟာရ ကျွေးခြင်းလုပ်ငန်းများကို ယနေ့ နေ့လယ်ပိုင်းက အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပလောက်မြို့တွင် တစ်နိုင်တစ်ပိုင်စိုက်ပျိုးထားသော ဟင်းသီးဟင်းရွက်များ ရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိ

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့၊ အမှတ် (၁) ရပ်ကွက်တွင် ဟင်းသီးဟင်းရွက်စိုက်ပျိုးခြင်းဖြင့် မိသားစုစားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း ဟင်းသီးဟင်းရွက်စိုက်ပျိုးသူထံမှ သိရသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် မော်ဖောင်းကျေးရွာအုပ်စု၊ ဒိန်ရှာကွင်းအတွင်း လယ်သီးထပ် ဆောင်းဆီထွက်သီးနှံစိုက်ဧက တိုးချဲ့စိုက်ပျိုးနိုင်ရေး တောင်သူများနှင့်တွေ့ဆုံ၊ ပဲပုပ်စိုက်ပျိုးမှုအား ကြည့်ရှုအားပေး

ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်း စားဆီဖူလုံရေးအတွက် သီးထပ်စိုက်စွမ်းအား ၂၀၀ ရာခိုင်နှုန်းထိ တိုးချဲ့စိုက်ပျိုးနိုင်ခြင်းဖြင့် ဆီဖူလုံမှု ၁၀၀ ရာခိုင်နှုန်းကျော်ထိ တိုးတက်ရရှိရေး မိုးစပါးရိတ်သိမ်းပြီး ရိုးပြတ်ကျန်လယ်များတွင် ဆောင်းသီးထပ် ဆီထွက်သီးနှံစိုက်ပျိုးနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် အဖွဲ့ဝင်များသည် မြစ်ကြီးနားမြို့နယ် မော်ဖောင်းကျေးရွာအုပ်စုအတွင်းရှိ ဒိန်ရှာကွင်းမှ တောင်သူများနှင့် သွားရောက်တွေ့ဆုံကြသည်။
Subscribe to ဦးစီးဌာနရုံးချုပ်၏လှုပ်ရှားမှုများ