နတ်တလင်းမြို့ အ.ထ.က ခွဲ (ရှမ်းကုန်း) ၌ လူငယ်စကားဝိုင်းကျင်းပ

နတ်တလင်း ဇွန် ၁၂

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့၌ ကျောင်းသား၊ ကျောင်းသူများအား ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလနှင့် ဘောဂဗလအစရှိသည့် ဗလငါးတန်အပါအဝင် အထွေထွေအသိပညာဗဟုသုတများ ဖွံ့ဖြိုးတိုးတက်မြင့်မားစေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ယမန်နေ့ နံနက်ပိုင်းက အ.ထ.က (ခွဲ) ရှမ်းကုန်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာ အ.ထ.က (ခွဲ) (ရှမ်းကုန်း) တာဝန်ခံကျောင်းအုပ်ဆရာကြီး ဦးအောင်ဇော်လွင်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်သူဇာဝင်းက လူငယ်စကားဝိုင်းများ ကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်နှင့် အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြား၍ လူငယ်စကားဝိုင်းစတင်ကျင်းပရာ မြို့နယ်ဦးစီးမှူးမှ ဦးဆောင်ဆွေးနွေးသူအဖြစ် ပါဝင်ဆောင်ရွက်ခဲ့ပြီး ဆွေးနွေးပွဲ၌ GRADE-11 မှ မောင်ချစ်ခန့်ဇော် က "လူငယ်နှင့်ကျန်းမာရေး" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ GRADE-10မှ မောင်ခန့်‌အောင်သန့်က "လူငယ်နှင့်ရည်မှန်းချက်" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ GRADE-10 မှ မောင်ကောင်းမြတ်သူက "လူငယ်နှင့်မူးယစ်ဆေးဝါး" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ GRADE-11 မှ မသဲစုဝင်းက "လူငယ်နှင့်စာဖတ်ခြင်း" ခေါင်းစဉ်များဖြင့် ဆွေးနွေးခဲ့ကြပြီး ဆွေးနွေးချက်များအပေါ် တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည့်အချက်များကို ပြန်လည်မေးမြန်းဆွေးနွေးကြရာ ဦးဆောင်ဆွေးနွေးသူနှင့် ကဏ္ဍအလိုက်ပါဝင်ဆွေးနွေးသူများက ပြန်လည်ဖြေကြား‌ပေးခဲ့ကြောင်း သိရသည်။

အဆိုပါလူငယ်စကားဝိုင်းဆွေးနွေးပွဲသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်သူဇာဝင်းနှင့် ဝန်ထမ်းများ၊ တာဝန်ခံကျောင်းအုပ်ဆရာကြီး ဦးအောင်ဇော်လွင်နှင့် ဆရာ/ဆရာမများ၊ ကျောင်းသား၊‌ ကျောင်းသူများစုစုပေါင်း (၁၂၀) ဦးခန့် တက်ရောက်ခဲ့ပြီး၊ ပါဝင်ဆွေးနွေးသူ ကျောင်းသား၊ ကျောင်းသူများကို ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ဝေယံဖြိုး(ပြန်/ဆက်)