ပန်းတောင်း သြဂုတ် ၆
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ဥသျှစ်ပင်မြို့မစျေး၌ ကိုဗစ် (၁၉)ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် Mask များ တပ်ဆင်ခြင်းရှိ၊ မရှိကို ယမန်နေ့နံက်ပိုင်းက ကွင်းဆင်းစစ်ဆေး ကြည့်ရှုခဲ့ကြောင်း သိရသည်။
ဥသျှစ်ပင်မြို့ မြို့မစျေးသို့ စျေးဝယ်လာသူများ၊ ဈေးရောင်းချသူများအား၊ ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်နှင့်အညီ ကိုဗစ် (၁၉) ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ပါးစပ်နှာခေါင်းစည်းများ တပ်ဆင်ခြင်းကို စျေးကော်မတီနှင့် စျေးခေါင်းတို့ ပူးပေါင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထို့နောက် Mask တပ်ဆင်လာခြင်းမရှိပါက ဒဏ်ငွေ(၁၀၀၀)ကျပ်နှင့် Mask တစ်ခုပေး၍ တပ်ဆင်ပေးခဲ့ကြောင်း သိရသည်။
သင်းသင်းအေး(ပြန်/ဆက်)